💜 S3 EP - 10 💜

93.2K 8.5K 898
                                    

ခွမ်းးး !!

" တောက် !! ဒီ မလောက်လေးမလောက်စားကောင်ကိုတောင် သောက်ဖြစ်ရှိအောင်သူတို့မသတ်နိုင်ကြဘူးလားဟမ် ! "

" တောင်းပန်ပါတယ် သခင်ကြီး .. ကျွန်တော့်အဖွဲ့တွေကအကောင်းဆုံးလုပ်ပေမယ့် .. အဲ့ကောင်က ကျွန်တော်တို့ထင်ထားတာထက်ပိုပြီး ..... "

ဒိုင်း ... !!

အပြောပင်မဆုံး ထိုလူ့လက်မောင်းထဲဝင်သွားတဲ့ ကျဉ်ဆံတစ်ချက် ။

" အဲ့ကောင်သေပြီဆိုတာပဲငါလိုချင်တာ .. သူ့ကောင်းကြောင်းတွေမဟုတ်ဘူးကွ ! "

" တောင်း တောင်းပန်ပါတယ် .. "

ဝန်ကြီးချုပ်ဟောင်း Kan ဟာ Demon ကို သတ်ရန်အတွက် သူ့ရဲ့အတော်ဆုံးအဖွဲ့သားခြောက်ယောက်ကိုလွတ်လိုက်ပေမယ့် အစီစဉ်ကျဆုံးသွားတာနဲ့အတူ ထိုခြောက်ယောက်ကိုလဲ ဆုံးရှုံးသွားရသည် ။

Kan သည် Weston ရဲ့ သား သတင်းတွေကြားဖူးပေမယ့် ဒီကောင်လေးဟာ လူသတ်နိုင်တဲ့အင်အားရှိနေလောက်တဲ့အထိတော့ မထင်ထားခဲ့မိတာကြောင့် ပေါ့လျှော့မိသွားခြင်း ။

သူအနှစ်နှစ်အလလ က ကြိုးဆွဲရာ က ရတဲ့ Weston ဟာ နိုင်ငံရေးလောကမှာပို၍အင်အားကြီးမားလာတာနဲ့အမျှ သူ့ကိုဆန့်ကျင်ချင်လာသည် ။

ဒါကိုကြိုမြင်ပြီးသားမို့ Kan ဟာ နောက်အစီစဉ်တစ်မျိုးဖြင့် Weston ကိုချုပ်ကိုင်ဖို့ပြင်တော့သည် ။ တဖက်မှာလဲ Weston ရဲ့ တရားဝင်သားဖြစ်တဲ့ Demon ကို အပြတ်ရှင်းရန်စီစဉ်နေသည် ။

သို့သော် Weston ဟာ သူ့သွေးသားကို အာဏာအတွက်ဘယ်လိုပင်ပြစ်ထားနေပါစေ Kan သာ လုပ်ကြံမှု့လုပ်ခဲ့တယ်ဆိုတာသိခဲ့ရင် .. အခွင့်ကောင်းယူပြီး အခြေနေတွေကရှုတ်ထွေးကုန်မှာအမှန်ပင် ။

" အခုလတ်တလော ဘာလှုပ်ရှားမှု့မှမလုပ်နဲ့ .. ဒီကိစ္စနဲ့ပက်သတ်ပြီး ကိစ္စတွေအကုန်ဖျောက်ထား ဘာသဲလွန်စမှ မကျန်စေနဲ့ ...  နောက်ထပ်အချိန်ကောင်းကိုစောင့်ရမယ် .. မင်းအဖွဲ့တွေကိုသေချာခိုင်း နောက်တစ်ခါဆို ငါ့သေနတ်ကျဉ်ဆံက မင်းလက်မောင်းမဟုတ်ပဲ ခေါင်းဖြစ်သွားမယ် "

" နားလည်ပါပြီ .. "

* Weston..  မင်းတို့သားအဖနှစ်ယောက်လုံး တနေ့နေ့ ငါ့အကြောင်းကောင်းကောင်းသိစေရမယ် *

ကိုကိုရဲ့ကလေးငယ် S3 [ Completed ]Where stories live. Discover now