Chapter-38

15.7K 1.4K 27
                                    

Unicode

နေ့တစ်နေ့က ပုံမှန်ထက် ကဗျာဆန်
အသက်ဝင်သည်။ဖြာကျနေတဲ့နေရောင်ခြည်
တွေက အေးစက်စက်မနက်ခင်းကို အနွေးဓာတ်
ပေးသလိုပင်။မောင့်မွေးနေ့မို့ မနက်အစောကြီး
ထပြီး ကိတ်မုန့်လည်း လုပ်ဖြစ်သည်။
ကိုယ်တိုင်လုပ်ထားတဲ့ ကိတ်တစ်လုံးက
ဆိုင်တွေပေါ်ကကိတ်လို အမြင်လှချင်မှလှ
မှာဆိုပေမဲ့လို့ မောင်ပျော်မှာပါ။

"ချိုတယ်"

creamကို လက်ညှိုးဖြင့်ကလော်ပြီး အရသာ
ခံစားကြည့်တော့ ချိုသည်။အချိုမကြိုက်တော့
အီစိမ့်စိမ့်ဖြစ်ပေမဲ့ မောင့်အတွက်တော့
အနေတော်လောက်ဖြစ်မည်။

"ကိုသု  ဝိုး..စားချင်စရာလေး"

"ခေတ်သွန်းလေးပြီးရင် စားရမယ်။
ခဏလေးထိုင်စောင့်ကြဦးနော်၊မောင်နိုးလာလို့
အစ်ကို့ကို မတွေ့ရင်လိုက်ရှာနေမှာစိုးလို့"

နေရှင်းနဲ့ခေတ်ခေတ်တို့ကိုထားခဲ့ပြီး
မောင့်ဆီကိုအမြန်သွားရသည်။မောင်က
အခုရက်ပိုင်း လူကိုအပျောက်မခံတော့။
အလုပ်ကနေလည်း ဖုန်းတွေ လှမ်းလှမ်းဆက်
လို့ တားထားရသေးသည်။မောင်က အရင်က
ထက်ပိုပြီး ဂရုစိုက်လာပေမဲ့ တချို့အချိန်
တွေဆို မောင့်ပုံစံက စိုးရိမ်လွန် နေတတ်တာ
ဖြစ်သည်။

"ကိုကို!"

"ငါရှိတယ်မောင်"

အော်ခေါ်သံကြားတော့ မောင့်ကိုအသံပေး
လျက် အခန်းထဲသို့ ပြေးဝင်ရသည်။

"ကိုကို ဘယ်တွေသွားနေတာလဲ"

"အောက်မှာ လုပ်စရာလေးရှိလို့"

"အင်း မောင့်ကိုဖက်ထားပေး"

ကလေးတစ်ယောက်လိုလည်း မောင်က
ရင်ခွင်ထဲတိုးဝင်ပြီး ချွဲတတ်သည်။
လည်တိုင်ကို မထိတထိကျီစယ်နမ်းတော့
မောင့်ဆီမှ ရယ်သံတို့ထွက်သည်။
ခါးကို ပိုတိုးဖက်လာရင်း မောင်က ရင်ထဲမှ
မထွက်သေးပါ။

"မောင် ငါ့ကိုချစ်လား"

"အင်း"

"အဲ့အင်းပဲ မဖြေနဲ့လေ"

"မောင့်လူကြီးလေးကိုပြောပြမယ်။
မောင်ကချစ်တယ်လို့ ခဏခဏပြောရင်
ကိုကို့အတွက် မောင့်အချစ်တွေက အဓိပ္ပာယ်
လျော့နည်းလာပြီး တန်ဖိုးမဲ့သွားမှာစိုးလို့
မောင်အဲ့စကားကို ခဏခဏမပြောပါရစေနဲ့နော်.."

ချစ်ရပါသောမောင် (ချစ်ရပါသောမောင် ){Completed}Where stories live. Discover now