Part 21(unicode)

7.7K 1.3K 54
                                    

Chapter21;သူတို့၏မျက်နှာပေါ်ရှိ ခါးသီးမှု။

ကုဖေးအကြိုက်ဆုံးအစားအစာသည်ဘာမှန်း ကျန်ချန်မသိသောကြောင့်၊ကုဖေး ခေါ်သွားမဲ့ကိစ္စနှင့်ပတ်သတ်၍ကျန်ချန် ဘာမှထပ်မမေးဖြစ်ခဲ့ဘူး။ ယခုချိန်တွင် သူစားချင်စိတ်မရှိ၍၊ဘာစားစား အရသာအတူတူ ဖြစ်သည်။

ကုဖေးကိုလာရှာသည့်တစ်ခုသော အကြောင်း
ရင်းသည် သူ တစ်ယောက်တည်း အထီးကျန်မနေချင်၍ ဖြစ်၏။

သူ အိမ်မပြန်ချင်ဘူး။ လီပေါင်ကော်ကိုလည်း မမြင်ချင်ဘူး။ လီပေါင်ကော်၏ ဖြေရှင်းချက်များကိုလည်းမကြားချင်ဘူး။သူဘာဆိုဘာမျှမသိချင်၊မကြားချင်ဘူး။သူ့စိတ်က ထိန်းချုပ်
၍မရလျှင် ဗလာသက်သက်ဖြစ်နေခြင်းသည် ပိုကောင်း၏။

ဤမြို့စုတ်လေးတွင် လီပေါင်ကော၏အိမ်နှင့် ကျောင်းအပြင်..သူ နောက်ထပ်သွား၍ရသော
နေရာဟူ၍ ကုဖေးစတိုးဆိုင်ပဲရှိသည်။ အမှန်
တရားက ဝမ်းနည်းစရာကောင်းတယ်ဆိုပေမဲ့ သူ ဖြေရှင်းနိုင်သည့်ကိစ္စမဟုတ်ချေ။

ကုဖေးက ဆိုင်တံခါးကိုပိတ်လိုက်၏။
"ဒီမှာခဏစောင့်, ငါ ယာဥ် သွားယူမလို့။"

"အိုး,"
ကုဖေး သွားယူမည့်ယာဥ်သည် စက်ဘီးလား ဆိုင်ကယ်လားလို့ ကျန်ချန် မေးချင်နေသည်။
အပြင်ဘက်တွင်အရမ်းအေး၍၊ဆိုင်ကယ်ဖြစ်လျှင်ပင် အနောက်မှလိုက်မစီးချင်ဘူး။ လမ်း
လျှောက်သွားတာ ပိုကောင်းမယ်လို့ သူ တွေးနေပေမယ့်၊ကုဖေးကစတိုးဆိုင်၏နောက်ဖေး လမ်းကြားသို့ သွားနေပြီဖြစ်သည်။

ရာသီဥတု ဘာလို့ ဒီလောက်အေးနေတာလဲ!။

မကြာခင် နွေဦးရောက်တော့မည်ဖြစ်ပြီး၊ နွေဦးရာသီ ဘက်စကတ်ဘောပြိုင်ပွဲစတော့မည်ဖြစ်သည်။

နောက်ဖေးလမ်းကြားမှ မော်တာသံထွက်လာ
၏။ ထိုမော်တာအသံသည် ကုဖေး၏ 250cc
မော်တော်ဆိုင်ကယ်အသံနှင့်ယှဥ်လျှင်အရမ်း အားနည်းသည်။

ကျန်ချန် စိတ်ရှုပ်ထွေးနေစဥ်၊ပြောင်းဖူးကာလာဗန်ကားလေးသည်လမ်းကြားထဲမှထွက်လာသည်။

သူ့ရှေ့ထိမောင်းလာသည် ဗန်ကားလေးကို ကြည့်ပြီး ကျန်ချန် မှင်သက်နေစဥ် ကား၏ တံခါးရွက်ပွင့်လာ၏။

ဆားယယ် [ အရိုင်းဆန်စွာ ပြေးလွှားခြင်း ]Where stories live. Discover now