#unicode
"ဖေဖေ!!!!"
"ခလေး"
"သား သားဘယ်လိုရောက်လာတာလဲ ဘာလဲအိမ်ကခိုးထွက်လာတာလား မင်းဘယ်လိုဖြစ်ပြီး အဲ့လိုတွေလုပ်တတ်လာရတာလဲ"
ရှိုင်းစစ်နားကိုတိုးကပ်သွားတော့ ခွန်းဆက် ချက်ချင်းထကာ ရှိုင်းစစ်ရှေ့မှ ကာရပ်လိုက်သည်
"ကျွန်တော်တောင်းပန်ပါတယ် ခလေးကိုဘာမှမလုပ်ပါနဲ့"
ခလေးရှေ့မှာရပ်ပြီး ခလေးရဲ့ လက်ကိုဆုတ်ကိုင်ထားမိတယ်
"ဖယ် ငါ့သားကိုငါ အိမ်ပြန်ခေါ်သွားမယ်"
"ကျွန်တော်မထည့်လိုက်နိုင်ဘူး ခလေးကိုနောက်ထပ်ချုပ်နှောင်ထားမှာတွေမလိုချင်ဘူး ကျွန်တော်တောင်းပန်ပါတယ် သူ့ကိုစောင့်ရှောက်ခွင့်ပေးပါ"
ရှိုင်းစစ်အဖေက သူနဲ့ပါလာတဲ့ body guardနှစ်ယောက်ကို လှမ်းကာ အမိန်းပေးလိုက်သည်
"ဘာလုပ်နေတာလဲ ရှိုင်းစစ်ကိုခေါ်သွားကြ"
ရှိုင်းစစ်နားကို ရှိုင်းစစ်အဖေရဲ့လူတွေတိုးလာတော့ ခွန်းဆက်ရဲ့လူတွေက အရှေ့မှဝင်ကာထားလိုက်ကြတယ်
"ဖေဖေ သားတောင်းပန်ပါတယ် သားတို့ကို မတားဆီးပါနဲ့နော် ပြီးတော့ ရှင်းသန့်ပြောခဲ့သလို ကိုကိုက လူတွေ မသတ်ခဲ့ပါဘူး"
"အရင်က မသတ်ခဲ့ရင်တောင် သူရှင်းသန့်ကိုတော့သတ်ခဲ့တယ်လေ အဲ့လိုလူဆိုးကောင် လူသတ်သမားနဲ့သားကိုသဘောမတူနိုင်ဘူး အခုချက်ချင်းပြန်လိုက်ခဲ့"
"သား သားမလိုက်ချင်ဘူး ဖေဖေ"
"ရှိုင်းစစ်!!!"
"သားတောင်းပန်ပါတယ် သားကိုကိုနဲ့ပဲနေခဲ့မယ်"
"ရှိုင်းစစ် ငါပြောနေတုန်းလိုက်ခဲ့နော် ပြီးမှ ငါ့အဆိုးမဆိုနဲ့"
"သားပြန်မလိုက်နိုင်ဘူးဖေဖေ ဖေဖေလုပ်ချင်တာလုပ်"
ရှိုင်းစစ်အဖေက ရှိုင်းစစ်ရဲ့လက်ကို အတင်းဆွဲကာ ခေါ်တော့ ခွန်းဆက် ရှိုင်းစစ်အဖေရဲ့လက်ကိုကိုင်ကာ တားဆီးလိုက်သည်
"ဦးလေးတော်ပါတော့ သူမလိုက်ချင်ဘူးလို့ပြောနေတယ်လေ ဦးလေးစိတ်ချလက်ချနဲ့ အိမ်ပြန်ပါ ကျွန်တော် ရှိုင်းကိုဂရုစိုက်ထားလိုက်မယ်"
ANDA SEDANG MEMBACA
ကိုကိုနဲ့သာဆို~~~~❣️(Complete)
Cinta#unicode ရှိုင်းစစ်~~~~ ~~~~~ ~~~~~ ကိုကိုကျေနပ်ရင် ရှိုင်းပျော်တယ် ~~~~~~~❣️ ကိုကိုနဲ့သာဆို ရှိုင်းဘဝကိုပေးစပ်ရဲတယ်❣️ ခွန်းဆက်နိုင်~~~~ ~~~~~ ~~~~~ ခလ...
