အခန်း ၁၀ - သောကြာနေ့ ။
အရင် နံနက်ခင်းတွေက ကျွန်တော့်ကို အထီးကျန်ကောင်းကျန်စေနိုင်တယ် ။ ဒါပေမယ့် ဒီမနက်ခင်းကတော့ မဟုတ် ။ ကျွန်တော် ပထမဆုံး အလုပ်စ၀င်ရမှာ ကြောင့်လား ဒါမှမဟုတ် မနေ့က ကျွန်တော် လူနာတစ်ယောက်ကိုကယ်နိုင်လိုက်တာကြောင့်လားမသိ ။ အလွန် ပျော်ရွှင်စရာ ကောင်းနေသည်ဟု ထင်သည် ။ ကျွန်တော် ခေါင်းထောင်လိုက်ပြီး သန်းလိုက်သည် ။ ပြီးတော့ နာရီကြည့်လိုက်တော့ ၆နာရီ ။ စိုင်းလံနော့ကုတင်ဘေးက နှစ်ထပ်အိပ်ကုတင်က အစ်မကြီး နှစ်ယောက်မှာ အောက်က တစ်ယောက်က နိုးနေပြီ ဖြစ်သည် ။
'hi...good morning . မနေ့က ဆေးရုံအုပ်ကြီး ပြောထားလို့ သိထားတယ် ။ အလုပ်အတူတူ လုပ်မယ့် သူဆို ။ အစ်မ က နှလုံး ခွဲစိတ်က ကြယ်စင်နှင်းဖြူပါ ။ မောင်လေးက ? '
မျက်နှာ မသစ်ရသေးသည့် ကျွန်တော်သည် မျက်နှာ သစ်ချင်နေပြီဖြစ်သည် ။ သို့ပေမယ့် ကိုယ်နဲ့ အလုပ်တူတူလုပ်မယ့် စီနီယာက မေးတော့ ဖြေရမည် ။
'ဇွဲလွန်းသူပါ ။ ကျွန်တော် မျက်နှာသစ်လိုက်ဦးမယ် ။ '
ထိုအစ်မ က ခေါင်းညိမ့်ပြသည် ။ ကျွန်တော် အိမ်သာ ဘက်ကို သွားလိုက်ဖို့ ပြင်လိုက်သည် ။
'ဟိုဟာ အစ်မမှာ ဆား ရှိလား ။ '
ကျွန်တော် မတ်တတ် ရပ်ပြီး မေးလိုက်သည် ။
'အင်း ရှိတယ်လေ ။ ဟို အံဆွဲထဲမှာ ။ '
သူက ဗီရိုတစ်ခုရဲ့ ၆ ခုမြောက် အကန့်ကို လက်ညိုးထိုးပြသည် ။ သူတို့ ဗီရို မှာ အင်္ဂလိပ် ကားတွေထဲက လိုဖြစ်သည် ။ အကန့်က ၁၂ ကန့်ရှိသည် ။ ဒါပေမယ့် တခြား ကျန်တဲ့ ဗီရို အကန့် ၁၁ ခုလုံး နာမည် ကပ်ထားပေမည့် ထိုအကန့်ကတော့ နာမည် မကပ်ထား ။ ကျွန်တော် ဆားဘူးကို ယူပြီး ယောကျာ်းလေး အိမ်သာထဲသွားလိုက်သည် ။ ဤဆေးရုံသည် အစိုးရဆေးရုံဖြစ်ပေမယ့် နေရာတိုင်း သန့်ရှင်းသပ်ရပ်သည် ။ အိမ်သာ မှာလဲ သပ်ရပ်သည် ။ ကျွန်တော် အိမ်သည ဘေစင်တစ်ခုမှာ ရေဖွင့်လိုက်ပြီး မျက်နှစ်ကို ပတ်လိုက်သည် ။ ပြီးတော့ လက်ကို အခွက်ပုံစံလေးလုပ်ပြီး ရေကိုငုံလိုက်သည် ။ ပြီးတော့ ဆားကို လက်ထဲထည့်ပြီး လက်နဲ့ပဲတိုက်လိုက်သည် ။ ကျွန်တော် အိမ်သာထဲက အထွက် ဒေါက်တာ L က မိန်းကလေး အိမ်သာထဲက ထွက်လာတာတွေ့သည် ။
