💜 S3 EP - 12 💜

89.8K 8.6K 1.6K
                                    

Demon ဟာ နှိုင်း ကို နေ့လည်စာပို့ပေးရင်းအတူတူစားရအောင်  နှစ်ယောက်စာပြင်ခိုင်းပြီး သွားယူကာ လိပ်စာကတ်ထဲကအတိုင်း Company ကိုလာခဲ့သည် ။

အနက်ရောင်ဂျင်းဘောင်းဘီနှင့် တီရှပ်အနက်ကိုဝတ်ဆင်ကာ ပြောက်ကြားအပေါ်ကုတ်ကိုထပ်ဝတ်၍ .. ​နေ့လည်စာနောက်ကျနေမှာစိုးတာကြောင့် ခေါင်းလျှော်ပြီးစဆံပင်ကိုရေခြောက်အောင်မသုတ်ပဲထွက်လာခဲ့သည် ။

သူ့ကြောင့် ဒဏ်ရာရသွားတဲ့ နှိုင်း အတွက် လမ်းတွင် လိမ်းဆေးတစ်ချို့ပါဝင်ဝယ်ပြီး Company ကို ရောက်လာခဲ့ပေမယ့် တကယ်တမ်းတွေ့လိုက်ရတာက .. တခြားမိန်းမတစ်ယောက်နဲ့အတူ ပါးပေါ်ကဆင်းလာတဲ့ ထိုလူဟာ ပြုံး၍ပင် ထိုမိန်းမအားစကားပြောပြီး Company ထဲ ဝင်သွားခဲ့တယ် ။

အပျော်လွန်နေ၍ထင် Demon ရှိနေတဲ့ဘက်ဆီ ယောင်လို့တောင် လှည့်ကြည့်မလာခဲ့ ။

ရင်ဘတ်ထဲဗုန်းပေါက်ကွဲသွားသလို ဒေါသတွေအလိပ်လိုက်ထွက်ကာ ယူလာတဲ့ နေ့လည်စာကိုပေါက်ခွဲပြစ်ပြီး ထိုလူ့အား သွားပြီး ကြမ်းရမ်းလိုက်ချင်ပေမယ့် အတတ်နိုင်ဆုံးလက်သီးဆုတ်လျှက် ဒေါသတွေကိုချိုးနှိမ်ထားလိုက်သည် ။

" တောက် ! အားးးး ကဲကွာ ကဲကွာ ... "

ဒေါသဖြေရာအဖြစ် ဘေးကအုပ်နံရံကို ပျောက်ကင်းခါစ ညာဘက်လက်နဲ့ ချုပ်ရိုးကွဲတဲ့အထိထိုးနေလိုက်သည် ။ စည်းထားတဲ့လက်ကပတ်တီးမှာ သွေးတွေရွှဲစိုလာတဲ့အချိန်မှ ရပ်တန့်ခဲ့သည် ။

Company ထဲ Demon ဝင်လိုက်တာနဲ့ လုံခြုံရေးတွေက Demon ပုံစံကိုကြည့်ကာ  ရှေ့မှာပိတ်ရပ်လိုက်သည် ။

" ဝန်ထမ်းကတ်ပြ "

ရှေ့မှာလာပိတ်ရပ်နေတဲ့ ထိုဝတ်ထမ်းတွေကိုအကြည့်စူးစူးတစ်ချက်ကြည့်လိုက်တော့ ... ဝန်ထမ်းတွေက Demon ရဲ့ ကြောက်စရာကောင်းနေတဲ့ပုံစံကိုကြည့်ကာ ရှေ့တော့ဆက်မတိုးရဲချေ ။

ပေါက်ကွဲနေတဲ့ ဒေါသနဲ့ ထိုလူတွေကိုချက်ချင်းသတ်ပြစ်ချင်နေပေမယ့် Demon သည်းခံကာ ... နှိုင်း ပေးထားတဲ့ ကတ်ပြားကို ထုတ်ပြလိုက်သည် ။ ထိုကတ်က ဘာကတ်မှန်း Demon မသိပေမယ့် နှိုင်း ပြောသလို Company ကို လာတဲ့အချိန်ပြ ဆိုလို့ ပြ လိုက်တာပင် ။

ကိုကိုရဲ့ကလေးငယ် S3 [ Completed ]Where stories live. Discover now