Part 24(unicode)

6.5K 1.3K 151
                                    

Chapter 24;လိုချင်လား, မလိုချင်ဘူးလား
ပြောပါ။

ကလေးချင်းဖြစ်သည့်ပြသာနာအဆုံးသတ်ဖို့ မြို့နယ်ရဲစခန်းမှာနှစ်နာရီခန့်ကုန်ဆုံးသွား၏။

ကောင်လေးသည် သူ့ဘက်မှအရင် ကုမြောင်ကိုရန်စခဲ့ကြောင်းဝန်ခံခြင်းမရှိပဲ၊ကုမြောင်ကအတင်းလိုက်ဖမ်းပြီးအကြောင်းပြချက်မရှိဘဲရိုက်ခဲ့သည်ဟုပြောလာ၏။ဒါပေမဲ့, ကုမြောင်သည်ကုဖေးရဲ့ပခုံးထက်တွင်မျက်လုံးမှိတ်ပြီး ငြိမ်သက်နေလျှက်ရှိသည်။ ၎င်းက ထိုကောင်လေး၏ စွပ်စွဲချက်တွေကို လက်ခံဖို့ရာ ခက်ခဲစေ၏။

ထိုကောင်လေး၏စကားတွေကို ကျန်ချန်မယုံ
ကြည်နိုင်ဘူး။ကုမြောင်၏အခြေအနေအရဆိုလျှင် ကျောင်းမှာ သူမအနိုင်ကျင့်ခံရလိမ့်မည်
ဆိုတာ သေချာ၏။

ဘာပဲဖြစ်ဖြစ်,ထိုကောင်လေးက ကုမြောင်ကို အနိုင်ကျင့်ခဲ့ကြောင်းသက်သေမရှိ၍၊ တာဝန်
ရှိများကဘာလုပ်ရမှန်းမသိဖြစ်နေလျှက်ရှိ၏
ကောင်လေး၏ဦးခေါင်းမှ ချုပ်ရာနှစ်ချက်က
ကုမြောင် စကိတ်ဖြင့်ရိုက်ခဲ့တဲ့ သက်သေဖြစ်
သည်။

ကံကောင်းစွာဖြင့်, ကိစ္စကြီးကြီးမားမားမဖြစ်
၍၊ မိဘတစ်ယောက်က နစ်နစ်ကြေးအတွက် "မတန်တဆလျော်ကြေး"ကိုတောင်းဆိုသည့်အခါ၊တင်းကျူးရှင်းကဆေးရုံစရိတ်တစ်ဝက်တာဝန်ယူပေးမည်ဖြစ်ကြောင်းပြောနေသည်။
သူမ၏ကိုယ်နူတ်အမူအရာကြောင့်၊တာဝန်ရှိသူများကမကြာခဏသတိပေးနေလျှက်ရှိ၏။

ကုဖေးသည် စကားအများကြီးမပြောပေ။
သူ့အာရုံတွေကကုမြောင်အပေါ်မှာပဲရှိ၏။

လီယန်နှင့်တခြားလူများ၏လက်နှစ်ဖက်ပိုက်လျက်၊ မတ်တပ်ရပ်နေကြတဲ့ အမူအရာသည်
တင်းကျူးရှင်း၏ ခြိမ်းခြောက်စကားများနှင့်လိုက်လျောညီထွေရှိသည်။"မင်း မဆင်မခြင် လုပ်ရင်၊ ငါတို့လည်း ညှာတာမှာ မဟုတ်ဘူး။
ကြည့် , ငါတို့က လူကောင်းတွေမဟုတ်ဘူး။" ဆိုသည့်အရှိန်အဝါထုတ်လွှတ်ထား၏။

ညှိနှိုင်းဆွေးနွေးမှုအဆုံးသတ်ပြီး၍၊တာဝန်ရှိသူများကသူတို့ကိုပြန်နိုင်ပြီဖြစ်ကြောင်းပြောချိန်တွင် ကျန်ချန် သက်ပြင်းချလိုက်တယ်။

ဆားယယ် [ အရိုင်းဆန်စွာ ပြေးလွှားခြင်း ]Where stories live. Discover now