Part 25(unicode)

6.6K 1.4K 52
                                    

Chapter25;ပြတင်းပေါက်အပြင်ဘက်တွင်အမှောင်ထုရှိနေ၏။

သူတို့ရောက်နေသောအခန်းက သတ္တုပစ္စည်း အမှာလက်ခံသည့်နေရာဖြစ်၍အခန်းထဲတွင် ရေချိုးခန်းလည်းရှိ၏။ စွန့်ပစ်စက်ရုံဟောင်းဆိုသော်ငြား၊ ပိုင်ရှင်ရှိသောကြောင့် ရေပြတ်ခြင်းမရှိချေ။ ထို့ကြောင့် လီယန်သည် ပထမလွှာမှအခန်းထက်တတိယလွှာမှဤအခန်းကို အသည်းအသန်ယူချင်တာဖြစ်သည်။

စက်ရုံအပြင်ဘက်မှာ တိတ်ဆိတ်ငြိမ်သက်ပြီး စက်ရုံအတွင်းရှိရာသီဥတုကနွေးပြီးနေထိုင်၍
အဆင်ပြေသည်။လူအသွားအလာနည်းသောစွန့်ပစ်နေရာမဟုတ်သောကြောင့် အနားယူရန် နေရာကောင်းရှာဖွေနေသူများအတွက် အထူးသင့်တော်သည်။

ကုဖေးကဒီနေရာအမြဲတမ်းလာလေ့မရှိပေမဲ့၊ ကျန်ချန်ကို ထမင်းတစ်နပ်ကျွေးဖို့ ကိုယ်တိုင် ဖိတ်ခေါ်ခဲ့တာဖြစ်၏။ အိမ်နှင့်အရမ်းဝေးတဲ့ နေရာမသွားချင်သည့်ပြင် အနီးပတ်ဝန်းကျင် မှာ စားသောက်ဆိုင်ကောင်းကောင်းမရှိချေ။ ထို့ကြောင့် ,ကျန်ချန်က ကြီးကြီးကျယ်ကျယ်မလုပ်ချင်ကြောင်းပြောလာချိန် ဤနေရာကို လာဖို့ သူ စဥ်းစားမိလိုက်၏။

ကျန်ချန်က ဆိုဖာပေါ်မှာထိုင်ပြီး ခြေထောက်ချလိုက်သည်။
"ဒီအခန်းမှာ အပူပေးစက်မရှိဘူးမလား။"

"ကိုယ့်ဘာသာ မီးမွှေးရမှာ။"
စားပွဲခုံပေါ်မှမီးခြစ်ကိုကျန်ချန်ဆီသို့ ကုဖေး ပစ်ပေးလိုက်တယ်။
"ဆိုဖာဘေးမှာကျောက်မီးသွေးအိတ်ရှိတယ်။ အပြင်မှာ အဝတ်စ နည်းနည်း သွားရှာလိုက်။ မင်း မီးမွှေးတတ်လား?။"

"မွှေးတတ်တယ်။"
ကျန်ချန်က မတ်တတ်ရပ်ပြီး အပြင်ဘက်သို့ ထွက်သွား၏။နှစ်စက္ကန့်အတွင်း သူက အခန်းထဲသို့အလောတကြီးပြေးဝင်လာတာကြောင့် တံခါးဘာင်နှင့်ရိုက်မိသွားသည်။ သူ့မျက်နှာက အလောင်းကောင်လိုဖြူဖျော့နေ၏။

တစ်ခါသုံးပန်ကန်းတွေပေါ်မှာ ဝယ်လာသည့် ပစ္စည်းတွေကို ခွဲခြမ်းစိတ်ဖြာတင်နေစဥ်၊ ထိုအသံကိုကြားသည့်အခါ ကုဖေး လှည့်ကြည့်လိုက်တယ်။
"ဘာဖြစ်တာလဲ?။"

"Fuck!"
ကျန်ချန်ကလက်ညိုးနှင့်လက်မကြားမှာညှပ်ထားသည့်အဝတ်စကိုမြှောက်ပြလာသည်။
"ငါ အဝတ်သွားယူတုန်းက အဝတ်အောက်မှာ မြေကြွက်ကြီးရှိနေတာ။ ငါ လန့်လို့သေတော့မယ်။"

ဆားယယ် [ အရိုင်းဆန်စွာ ပြေးလွှားခြင်း ]Where stories live. Discover now