💜 S3 EP - 13 💜

83.8K 7.8K 1K
                                    

Unicode...

ရှိုင်းထက်အောင်တစ်ယောက် သူရုံးခန်းထဲမှာထိုင်ရင် တစ်စုံတစ်ခုကိုအသည်းသန်စဉ်းစားနေတယ် ။ သူ့အတွက် ဒီရက်တွေမှာ နှိုင်းသုတ အနားကနေပို၍ဝေးကွာသွားသလိုခံစားနေရတယ် ဒါကြောင့် သူသာတစ်ခုခုမလုပ်ဘူးဆိုရင် နှိုင်းသုတ ကိုတခြားတစ်ယောက်ဆီသူထိုးပေးလိုက်ရမယ်လို့စိတ်ထဲမှာထင်နေတယ် ။

ရှိုင်းထက်အောင်က နှိုင်းသုတ ကျောင်းပြောင်းကျောင်းသားအသစ်အနေနဲ့ သူ့ကျောင်းကို ပြောင်းလာတဲ့အချိန်တည်းက အရိပ်တကြည့်ကြည့်နဲ့တိတ်တခိုးချစ်လာခဲ့တာ ... မထင်မှတ်တဲ့အချိန်မှာ နှိုင်းသုတ ဟာ သူ့ဘေးနားမှာထိုင်နေတဲ့ ရှိုင်းထက်အောင် ကို ပထမဦးဆုံးသူငယ်ချင်းဖွဲ့ခဲ့တာမို့ အရမ်းပျော်သွားခဲ့တယ် .. ။

ဒီလိုနဲ့သူငယ်ချင်းလေးယောက်ပေါင်းမိတဲ့အချိန်မှာ ရှိုင်းထက်အောင် ဟာ နှိုင်းသုတ ရဲ့ စိတ်နေစိတ်ထားနဲ့ အမှုအကျင့်လေးတွေကိုပို၍သဘောကျနှစ်သက်ခဲ့တယ် ။

နှိုင်းသုတ ရဲ့ နောက်ခံဟာ ဘယ်လိုမိသားစုလဲဆိုတာ ဖော်ပြမထားပေမယ့် နှိုင်းသုတ ဟာ အနေအေးပြီးစာတော်တဲ့လူတစ်ယောက်မို့ လွပ်လပ်စွာအပူပင်ကင်း၍ လူငယ်တစ်ယောက်လိုပျော်ရွင်နေမြဲပဲ ။

တဖက်သတ်ချစ်ရသူရဲ့နီးကပ်တဲ့သူငယ်ချင်းတစ်ယောက်အနေနဲ့နေလိုက်ရတဲ့အချိန်ဟာ ကောင်းမွန်တယ်ဆိုပေမယ့် ဖွင့်ပြောဖို့အတွက်တော့ သူငယ်ချင်းဆိုတဲ့စည်းခြားသွားခဲ့တယ် ။ ဒါပေမယ့် ရှိုင်းထက်အောင် က စိတ်မညစ်ခဲ့ဘူး သူ့မှာအချိန်ရှိသမျှ နှိုင်းသုတ အနားမှာနေပြီး တစ်ချိန်မဟုတ် တစ်ချိန်ဖွင့်ပြောဖို့ စဉ်းစားထားတယ် ။

သို့သော်လည်း ရှိုင်းထက်အောင် ကိုယ်တိုင်က လွတ်လပ်တဲ့လူငယ်တစ်ယောက်မို့ အပျော်အပါးအနေနဲ့ Sex ကိုလက်ခံခုံမင်ချင်လာသလို ကောင်မလေးတွေထည်လဲတွဲတဲ့နေရာမှာဆရာတစ်ဆူဖြစ်လာတယ် ။

ရှိုင်းထက်အောင် အဲ့လိုတွဲနေတဲ့အချိန်မှာ နှိုင်းသုတ ဟာ ဘယ်တော့မှ စိတ်ပျက်သွားခြင်းမရှိခဲ့ပဲ လူငယ်တစ်ယောက်မို့ဆိုတဲ့အချက်နဲ့ ရှိုင်းထက်အောင် ကို နားလည်ပေးခဲ့တာမို့ ဆက်တွဲနေခဲ့မြဲ ....။

ကိုကိုရဲ့ကလေးငယ် S3 [ Completed ]Where stories live. Discover now