Part 28(unicode)

6.7K 1.4K 62
                                    

Chapter 28;ဤအသုံးမကျမှုက သာမန်ပဲဖြစ်၏။

ကုဖေးသည် လျိုဖန်းအိမ်သို့ဆိုင်ကယ်မောင်း
၍သွားနေစဥ်လမ်းခုလတ်တွင်ဖုန်းအသံမြည်လာ၏။သူ နားကြပ်တပ်ပြီး ဖုန်းပြန်ဖြေသည့်အခါဖုန်းတစ်ဖက်မှတင်းကျူးရှင်း၏အသံက ထွက်လာသည်။
"မမိုက်ဘူး, ကလေး။မင်းတကယ်လာမကြည့်
ဘူးပဲ။"

"မဟုတ်ဘူး,ငါ...."
တင်းကျူရှင်းသည် သူ့ဆီမက်ဆေ့ချ်ပို့ထား
ကြောင်း ကုဖေး အခုမှသတိရသွား၏။
"မေ့သွားလို့ပါ။ မင်း ဘယ်မှာလဲ,ငါအခု လာခဲ့မယ်။"

"ရပါတယ်။တခမ်းတနားပွဲလည်းမဟုတ်ဘူး။ငါ အခုwildfireရောက်နေလို့မင်းဆီဖုန်းခေါ်လိုက်တာ။ သူငယ်ချင်းတွေနဲ့အပြင်ထွက်ပြီးသောက်နေတာ, မင်းမလာလည်းရတယ်။"

ကုဖေး "အင်း"လို့ပြန်ဖြေလိုက်တယ်။

"ဆိုင်ဝင်ပေါက်မှာရှောင်ဘင်းတို့အဖွဲ့နဲ့ဝင်တိုက်မိသေးတယ်။ သူတို့ရဲ့ပင်တိုင်အဆို
တော်က ပြောင်းသွားပြီ။"

ကုဖေး မေးလိုက်တယ်။
"သူတို့က မင်းကိုပြန်လာဖို့မမေးဘူးလား။"

တင်းကျူးရှင်းက ရယ်လိုက်သည်။
"သူတို့မေးရင်တောင် ငါ ပြန်သွားမှာ မဟုတ်ဘူး။ ငါက အခွံမာသီးလိုပဲ ခေါင်းမာတယ်။"

ကုဖေး ပြောလိုက်တယ်။
"သူတို့နဲ့ အတူရှိတာက မင်းအတွက် အလား
အလာပိုကောင်းတယ်။ ငါ့ကြောင့်မလို့ သူတို့
ကို အဆက် ဖြတ်လိုက်စရာမလိုဘူး။ သုံးနှစ်တောင်ရှိသွားပြီ...ဟုတ်တယ်မလား။တစ်ချို့ကိစ္စတွေကမေ့သင့်တဲ့အချိန်ရောက်နေပါပြီ။"

တင်းကျူးရှင်းကမေးလာ၏။
"ဒါဖြင့်,မင်း အဲ့ကိစ္စကိုမေ့နိုင်ပြီလား။"

"ငါ မကျေနပ်ဘူး။ ငါ့ဘဝတစ်လျှောက်လုံး အဲ့ကိစ္စကိုသတိရနေမှာ။"

တင်းကျူးရှင်းကပြောလာသည်။
"အင်း,ငါကမကျေနပ်တာမဟုတ်ဘူး။အဲ့ကိစ္စ
ကငါ့အတွက်မနှစ်မြို့စရာကောင်းလို့......အိုး,
နင် အချိန်အားရင် ငါ့အတွက်ဓာတ်ပုံရိုက်ပေးလို့ရလား။"

"မင်းရဲ့ပုံလား။"
သူ ဆိုင်ကယ် ကွေ့လိုက်ချိန်၊ လူသွားလမ်းမှာ လျိုဖန်းတစ်ယောက်လက်ထဲမှာအိတ်ကြီးနှစ်အိတ်ကိုင်၍လမ်းလျှောက်နေတာကိုမြင်လိုက်
၏။သူ ဆိုင်ကယ်နောက်ဘရိတ်ဖိပြီးလေချွန်လိုက်တယ်။

ဆားယယ် [ အရိုင်းဆန်စွာ ပြေးလွှားခြင်း ]Where stories live. Discover now