Part 29(unicode)

6.4K 1.4K 197
                                    

Chapter 29; ဒီပွေ့ဖက်မှုက အရမ်းသက်တောင့်သက်သာဖြစ်တယ်။

ပြီးခဲ့သည့်နှစ်တွင်,တန်းခွဲ ၅သည်အကောင်းဆုံးအသင်းဖြစ်ခဲ့၏။ပြိုင်ဘက် အသင်းစိတ်ပိုင်းဆိုင်ရာပြင်ဆင်မှုမလုပ်သေးခင်၊ ကုဖေး
နှင့်ကျန်ချန်သည် ကွင်းထဲသို့ရုတ်တရက်ဝင်ရောက်ကစားခဲ့ပြီးနောက်၊ သူတို့၏ခံစစ်ပိုင်းဟာပစ်မှတ်ထားခြင်းခံခဲ့ရသည်။

မတူညီမှုမှာ တန်းခွဲ၈ဟာအဓိကကစားသမား
နှစ်ယောက်အပေါ်မှာအားထားပြီးကစားနေရခြင်းဖြစ်သည်။တန်းခွဲ၅တွင် ထိပ်တန်းကစား
သမားမရှိပေမယ့်၊သူတို့၏ အရံကစားသမားတွေက ဝမ်ရွှိထက်သာ၏။

ဘယ်ကျောင်းမဆို,ဘယ်အတန်းမဆိုစာသင်
ခန်းတစ်ခန်းဆီတွင် ဘောလုံးဝါသနာပါသည့် ကစားသမားများအမြဲရှိနေကြစမြဲ။ထိုကိစ္စကိုကျန်ချန် တကယ်အံ့သြမိတယ်။

သူတို့ပြိင်ဘက်ကစားသမားတွေအာရုံစူးစိုက် မှုပြန်မရသေးသည့် မိနစ်အနည်းငယ်အတွင်း
ကျန်ချန်နှင့်ကုဖေးက မတူညီတဲ့နေရာအသီး
သီးမှဘောလုံးပစ်သွင်းပြီးအမှတ်ယူထား၏။
ကျန်ချန်က သုံးမှတ်တန်ဘောလုံးပစ်သွင်းပြီးနောက်၊ကုဖေးကဘောလုံးထပ်သွင်းခဲ့နိုင်တာကြောင့် ကွင်းဘေးရှိပရိတ်သတ်တွေ၏ စိတ်လှုပ်ရှားမှုကအမြင့်ဆုံးရောက်နေ၏။

တန်းခွဲ ၅နှင့်တန်းခွဲ၂၏ပြိုင်ပွဲဆိုလျှင်တောင် ပရိတ်သတ် ဒီလောက် စိတ်လှုပ်ရှားလိမ့်မည် မဟုတ်ချေ။ဘာပဲဖြစ်ဖြစ်,တန်းခွဲ ၈ဆိုတာက အားနည်းတဲ့ ကြက်ပေါက်စလေးများ ဖြစ်ပြီး တန်းခွဲ၅အနေနှင့်မိနစ်အများကြီးကုန်လာတဲ့တိုင်၊ ဘောလုံးတစ်ကြိမ်တည်းပစ်သွင်းနိုင်မှု
မှာ ရှားပါးဖြစ်ရပ်ဖြစ်သည်။

ယခုပြိုင်ပွဲသည်  ရှုံးထွက်ပွဲစဥ်ဖြစ်၍ အရမ်းအရေးကြီးသည်။ရှုံးနိမ့်သွားသောအသင်းက နောက်လာမည့်ပွဲများကို ပရိတ်သတ်နေရာမှကြည့်ရလိမ့်မည်။

ပထမပိုင်းပွဲကစားချိန်အတွင်းအားနည်းသောကြက်ပေါက်လေးများ အသင်းဟာ ရှုံးနိမ့်မည့် အရိပ်အယောင်မရှိသော်ငြား၊နောက်ဆုံးပွဲစဥ်ထိဝင်နိုင်သည်ဟု ခန်းမှန့်ထားသည့် အသင်းကရှုံးနိမ်တော့မည်ဖြစ်၏။

ဆားယယ် [ အရိုင်းဆန်စွာ ပြေးလွှားခြင်း ]Where stories live. Discover now