{{Unicode}}
ကလင်...ကလင်...ကလင်...
".........."
"ရိဝူ...ငါလေ မနက်ဖန် ရှောင်းကျန့်ကောတို့Honeymoonသွားရင် လ်ိုက်သွားမလို့..
အဲဒါ ဒီရက်ပိုင်း ငါနင်နဲ့မတွေ့ဖြစ်တော့ဘူးလို့
နင့်ကိုလှမ်းပြောတာ..."
".........."
"ငါသိပါတယ်...ငါလည်း ဘယ်လိုက်ချင်
ပါ့မလဲ...ဒါပေမဲ့ သူတို့နှစ်ယောက်ကို မြန်မြန်အဆင်ပြေစေချင်လို့ပါဟာ.."
".........."
"ဟာ...နင်မလိုက်နဲ့လေ...တော်ကြာ ငါတို့အကြောင်းကို ကောသိသွားရင် ဘယ်လိုလုပ်မလဲ...မလိုက်ပါနဲ့နော်၊နင်ကလည်း..လိမ္မာပါတယ်ဟာ..မလိုက်နဲ့လေ..နော်..ရိဝူ..နော်လို့"
".........."
"ဒါဆို ငါက နင့်ကို ငါ့သူငယ်ချင်းပါလို့
ပြောပြီး ခေါ်ရမယ်ပေါ့..."
".........."
"ပြီးရောဟာ...ပြီးရော...နင်လိုက်မယ်ဆိုရင်လည်း ခုတည်းကပြင်ဆင်ထားတော့...မနက်ဖြန် မနက်ကြရင် သူတို့အစောကြီးထွက်လောက်မှာ..."
".........."
"Private jetနဲ့သွားမှာတဲ့...နင် ငါ့အိမ်ကိုစောစောလာခဲ့လိုက်...ပြီးမှ နင်နဲ့ငါ ကောတို့အိမ်သွားကြတာပေါ့..."
".........."
"အင်းအင်း...Bye bye မွ မွ...ဒါဆို ငါဖုန်းချလိုက်တော့မယ်"
".........."
"အေးပါဟယ်...ချစ်တယ်၊ချစ်တယ်...
တော်တော့...ငါဖုန်းချလိုက်ပြီ...ဒါပဲ"
ရွယ်မေ အခန်းပြတင်းပေါက်နားမှာရပ်ပြီး
ဖုန်းပြောပြီးတာနဲ့ ကုတင်ပေါ် စိတ်လွတ်
က်ိုယ်လွတ်လှဲချကာ ပါးစပ်မှလေတစ်ချက်မှုတ်ထုတ်လိုက်တယ်။
အကယ်၍ ဒီခရီးစဥ်မှာသာ ကောနဲ့ဝမ်ရိပေါ် တို့ ချစ်သွားရင် ဘယ်လောက်တောင်
ကောင်းလိုက်မလဲ...ဟူးး။
ငါ ဝမ်ရိပေါ်စိတ်ကိုဆွပေးမှရမယ်။
သဝန်တိုထားဖို့ သာပြင်ထား ဝမ်ရိပေါ်ရေ
ဟွင်း...ဟွင်း။ရွယ်မေတို့ အမုန်းခံလိုက်
စမ်းကွ..fighting ရွယ်မေ ! fighting !
______ 🥧______
မနက်၃နာရီ ခရီးသွားရမည်ဖြစ်တာကြောင့်ရှောင်းကျန့်နဲ့ဝမ်ရိပေါ် အိပ်ရာမှအမြန် ထပြီး မျက်နှာသစ်၊အဝတ်အစားလဲကာ သေချာပြင်ဆင်ကြလေသည်။
BINABASA MO ANG
My Husband Is Good To Hate ♡
Fanfiction#Both(Unicode+Zawgyi) >>Zhanyi ♡ Start Date ~ 23.8.2020 End Date ~ 23.12.2020
