Chapter-44

13.1K 1.2K 50
                                    

Unicode

ကလေးငယ်က ကိုယ့်ကိုရှောင်နေတာ
နှစ်ရက်ရှိပြီ။အဲ့နေ့..အဲ့နေ့ညက နမ်းခဲ့ပြီးတဲ့
အချိန်ကစလို့။

"ခေတ်ခေတ်"

စာလုပ်နေတဲ့ ခေတ်ခေတ်ဆီသွားရင်း
ခေါ်တော့ ခန္ဓာကိုယ်လေးက တုန်တက်ရှာ
သည်။တောင့်တောင့်ကြီးထိုင်နေပြီး
ကိုယ့်ကိုလည်းလှည့်ကြည့်မလာ။
ခေါင်းကို ကိုင်ပြီးမေးတော့ ခေတ်ခေတ်က
မရဲတရဲလေးကြည့်ပြီး ပြောရှာသည်။

"ကလေးလေး ဘာဖြစ်နေတာလဲ"

"ကြောက်လို့"

"ဟမ် ကိုယ့်ကိုလား"

ခေါင်းညိတ်ပြကာ မျက်ဝန်းထဲမှာမျက်ရည်
ကြည် တို့က ဝေ့ဝဲသည်။ကြောက်လို့ဆိုတဲ့
စကားဟာ ဘာကြောင့်များ ကိုယ့်ကိုပြော
ရသလဲ။အဖြေတို့ကိုရှာကြည့်ကာ စဉ်းစား
သော်ငြားအဖြေတို့က ထွက်မလာပါ။

"ဘာကြောင့်လဲဟင်၊ကိုယ့်ကို ဘာလို့
ကြောက်တာလဲ ခေတ်ခေတ်။
ကိုယ်ဘာအမှားလုပ်မိလို့လဲ"

"ဟိုနေ့ညက.."

ကလေးငယ်ငိုတော့ ကိုယ့်ရဲ့ရင်မှာ နစ်ခနဲ။
နမ်းရုံလေးနဲ့တင် ကလေးငယ်က
ကြောက်တယ်တဲ့လား။ငိုရခက်၊ရယ်ရခက်
အခြေအနေတစ်ခုမှာ ရောက်နေတာပဲ။
ကလေးငယ်ရဲ့မျက်ရည်တွေကို သုတ်ပေး
တော့ ပိုငိုလာသည်။

"ကိုယ်..ကိုယ်နောက်ဆို မနမ်းတော့ပါဘူး
ကွာ။ခေတ်ခေတ်စိတ်မဆိုးဘူးဆိုလို့
ကိုယ်နမ်းခဲ့မိတာပါ။နောက်ဆို မနမ်းတော့
ဘူးနော် မငိုပါနဲ့"

"မဟုတ်ဘူး ဘာတွေလာပြောနေတာလဲ"

ငိုနေရင်း ထအော်လာတဲ့ ခေတ်ခေတ်
ကြောင့် ဘာလုပ်ရမှန်းပင် မသိတော့။
လူကပူထူလာပြီး ကလေးငယ်စိတ်ပြေ
အောင် ဘယ်လိုလုပ်ပေးရမလဲလည်း
စဉ်းစားရသေးသည်။

"ခေတ်ခေတ်ပဲ အဲ့နေ့ညကဆို"

"အစ်ကိုနေရှင်းက ခေတ်ခေတ်နှုတ်ခမ်း
တွေကို အားကြီးနဲ့ကိုက်တာလေ၊
ခေတ်ခေတ်ကြောက်တာပေါ့လို့"

"ဟေ"

ကိုယ့်နဖူးကိုယ် ပြန်ရိုက်မိတာပဲ။
ကိုက်လို့ ကိုယ့်ကိုကြောက်နေတာတဲ့။
ရယ်ချင်ပေမဲ့လည်း ကလေးငယ်ရှေ့မှာမို့
မရယ်ရက်ပါ။

ချစ်ရပါသောမောင် (ချစ်ရပါသောမောင် ){Completed}Where stories live. Discover now