
60K 3.4K 251
                                    

Unicode

အပိုင်း(၁)

မျှော်လင့်ချက်များ ရိုက်ချိုးခံရခြင်း

ဖွင့်ထားသော ပြတင်းပေါက်ဆီမှ တိုးဝင်လာသော နေရောင်ခြည်ဖျော့ဖျော့ကြောင့် လွန်းငယ် နိုးလာခဲ့သည်။ မျက်ဝန်းများ ပွင့်ဟလာခြင်း မြင်ချင်သူအား မတွေ့ရတော့သောကြောင့် မျက်နှာလေးအား အလိုမကျစွာ ဆူပုတ်လိုက်မိ၏။

"မောင်ကလေ ထသွားတာ နှိုးလည်း နှိုးမသွားဘူး"

အပြစ်တင်သလို ပြောလိုက်မိသော်လည်း အပြစ်မတင်ရက်။ အသည်းနင့်အောင် ချစ်ရသူမလား။ သဘောမတူမှုများ ကြားမှ မရရအောင် လက်ထပ်ယူခဲ့သော ချစ်ရသူ။ ဒီနေ့သည် သူတို့မင်္ဂလာဆောင်ပြီး နောက်တစ်နေ့။

ညက အဖြစ်ပျက်များအား တွေးလိုက်မိတော့ မျက်နှာလေးသည် ပူလောင်ကာ ရဲတက်လာသည်။ မနက်ခင်းတွင် ချစ်ရသူအား မမြင်ရသော်လည်း သူ၏ကိုယ်အား သန့်ရှင်းပေးသွားပြီး အိပ်ရာခင်းများပါလဲပေးသွားသောကြောင့်လွန်းငယ် ကျေနပ်နေမိသည်။

အသက်ထက်ပို၍ ချစ်ရသူ၏ မျက်နှာအား မြင်ရလျှင်တော့ သူ ပို၍ ကျေနပ်ပျော်ရွှင်မိလိမ့်မည်။ မောင်၏ မျက်နှာလေးအား မြင်လိုက်ရတိုင်း သူ၏ရင်ထဲ ကြည်နူးရသည်မှာ အနှိုင်းအဆမရှိ။

နက်မှောင်ထူထဲသော မျက်ခုံး၊ တောက်ပစူးရှသော မျက်ဝန်းနက်များ၊ ဖြောင့်စင်းသော နှာတံ၊ မပြုံးမရယ် တည်တင်းနေတတ်သော နှုတ်ခမ်းများ၊ ကြည့်ကောင်းလွန်းသော ကိုယ်ထည်တို့နှင့် လိုက်ဖက်သည့် သွယ်လျသော မျက်နှာပိုင်ရှင် မောင်သည် မြင်သူတိုင်း ငေးမောရသည့် မာနကြီးသော ရုပ်ရည်ပိုင်ရှင်မျိုးပင်။

မာနကြီးလောက်အောင်လည်း ကြွယ်ဝချမ်းသာလွန်းသည်။ ကုမ္ပဏီများစွာကို ဦးစီးရသည့် စီးပွားရေးလုပ်ငန်းရှင်တစ်ဦးလည်း ဖြစ်သည်။ မိန်းကလေးများကြား လွန်စွာ နာမည်ကြီးသည့် ပျိုတိုင်းကြိုက် နှင်းဆီခိုင်ကြီး မောင်၊ သူ့အား ချစ်သူအဖြစ် ဖွင့်ပြောခဲ့စဉ်က ပျော်ရလွန်းလို့ ရူးမတတ်ပင်။

ငယ်စဉ်ကတည်းက ကျန်းမာရေး မကောင်းသောကြောင့် ကျောင်း၊ သင်တန်းများနှင့် အိမ်မှလွဲ၍ ဘယ်မှ မသွားခဲ့ရသော သူ့အတွက် မောင်နှင့်တွေ့ဆုံ ချစ်ကြိုက်ခွင့်ရခဲ့သည်က အိပ်မက်တစ်ခုအလား။

စေရာ(Complete)Where stories live. Discover now