Arc(2.27)

7.6K 1.2K 4
                                    

Unicode

Arc(2.27) - Saint Magus

ရဲလ်မြို့ကဂေလင်းအင်ပါယာရဲ့ အဓိကမြို့တော်တစ်ခုဖြစ်တာကြောင့် အရမ်းကိုစည်ကားလှသည်။

လမ်းပေါ်မှာလူတွေကရှေ့သွားလိုက် နောက်သွားလိုက်ဖြင့်အရမ်းကိုအသက် ဝင်နေသည့်အပြင်အောင်မြင်သည့်အ ကယ်ဒမီအနည်းငယ်ကြားကယှဉ်ပြိုင်ပွဲ ရှိတာကြောင့်ကမ္ဘာတစ်ဝှမ်းလုံးကလူ များနှင့်ယှဉ်ပြိုင်ပွဲကိုကြည့်ရန်တစ်ခြား တိုင်းပြည်များကလာသောသူများ ပြည့်နှက်နေကာရလဒ်အရတော့ရဲလ်မြို့ မှာထိုခဏတွင်ပုံမှန်ထက်လူပိုများနေသည်။

သေချာပေါက်ပထမပြိင်ပွဲအလှည့်များ မှာတော့အတော်လေးကြီးမားတဲ့အလဲ ထိုးယှဉ်ပြိုင်ပွဲမျိုးဖြစ်ပြီးအများပြည်သူ များကြည့်ရအောင်ဖွင့်ပြမည်မဟုတ်ပေ။ နောက်ပိုင်းမှသာအပြင်ဘက်မှလူများ ကိုအကယ်ဒမီအတွင်းယှဉ်ပြိုင်မှုများ အားဝင်ကြည့်ခွင့်ပေးရန်ဖွင့်ပေးမှာဖြစ်ပြီး ကျိန်းသေပေါက်အခမဲ့တော့မဟုတ်ဘူး ဖြစ်သည်။ထိုအကယ်ဒမီအနည်းငယ်မှ တပည့်များမှလွဲရင်တစ်ခြားယှဉ်ပြိုင်ပွဲ အနားပတ်ဝန်းကျင်မှလူများအားလုံး ဝင်ရောက်ခွင့်ရရန်ဝင်ကြေးပေးရသည်။

ယှဉ်ပြိုင်ပွဲကပိုပြီးစိတ်လှုပ်ရှားစရာ ကောင်းလေလေပေးဆောင်ရသည့် ဝင်ကြေးကပိုပြီးဈေးကြီးလေလေ ဖြစ်လာသည်။ဝင်ကြေးကအလွန်ကို ကြေးများသော်လည်းလူအများစု တတ်နိုင်တဲ့အတွင်းမှာပဲဖြစ်တာကြောင့် အတော်များများကစိတ်လှုပ်ရှားစရာ အကောင်းဆုံးဖြစ်သည့်နောက်ပိုင်းပြိုင်ပွဲ အပိုင်းကိုကြည့်နိုင်ရန်လာရောက်ကြသည်။

နှစ်ပေါင်းရာနဲ့ချီနေပြီဖြစ်သည့် ထိုယှဉ်ပြိုင်ပွဲကြီးကဝင်ရောက်ယှဉ် ပြိုင်သည့်အကယ်ဒမီတိုင်းရဲ့ဂုဏ် သတင်းကိုလည်းမြှင့်တင်ပေးတာ ကြောင့်မူလကတည်းကကျော်ကြား နေခဲ့တဲ့ထိုအကယ်ဒမီများကိုပိုမိုလူ သိများအောင်လုပ်ပေးပြီးလူတိုင်းရဲ့ နှလုံးသားထဲမှာပိုပြီးအမြစ်စွဲသိလာ အောင်လုပ်ပေးနိုင်သည်။

စိန့်ဟယ်လာအကယ်ဒမီမှတပည့် တော်တော်များများလည်းပျင်းရိလာ သလိုခံစားရသောကြောင့်ရဲလ်မြို့ထဲ မှာသွားရောက်လည်ပတ်နေကြသည်။ ထို့ကြောင့်လီလျိုမှာအခန်းထဲကထွက် သည်နှင့်ကြောင်ပုံစံချက်ချင်းပြန်ပြောင်း ရ၏။အဲလ်ဗစ်ကသူ့ကိုကောက်ချိလိုက် ကာသူ့လက်မောင်းများကြားထဲတွင် ထားလိုက်ပြီးအဓိကလမ်းမကြီးပေါ်သို့ စတင်လျှောက်တော့သည်။

(Completed )The Transmigration Routine of Always Being Captured by MLWhere stories live. Discover now