Unicode
အခန်း(၄၉) ရှောက်ချောင်ရဲ့ နိုးထမှု
ဖုန်းလိုင်းရဲ့တစ်ဖက်က တုံပြန်မှုမရှိတော့တာကို ကြားနေမိတော့ ကုထောင်က မေးသည်။
"အဲ့မှာ အခြားတစ်ယောက်ယောက် ရှိနေတာလား... .မမ နင်ကြားလိုက်လား"
"မင်း ခုကြားလိုက်ရတာက မမရဲ့အသံပါပဲ...မင်း
ပေါက်ကရတွေပြောနေဦးမယ်ဆိုရင်တော့ မကြာခင် မမ မှာထားတဲ့ အစားအစာတွေက အေးကုန်တော့မှာပဲ"
ကုကျင်သည် အခြားလက်တစ်ဖက်နဲ့ဖုန်းကိုကိုင်ထား ရင်း သူမရဲ့ Take-out ဘူးကိုလည်း သယ်ထားခြင်းပါ။[1]
[2]"ရှောင်တိတိလေး,အရမ်းနောက်ကျမှ ဖုန်းဆက် ပြီး မမရဲ့ညစာစားမယ့်အချိန်မှာ လာနှောက်ယှက်နေတဲ့ သူက မင်းဖြစ်နေချိန်မှာ မမကို ညဘက် အဆာခံတာ အတွက် လာစွပ်စွဲမနေနဲ့..."
"....နင်က ဟာသပဲ"
ကုထောင်မှာ တခဏလောက်တော့ ပြောစရာစကား မဲ့သွားရှာသည်။ နည်းနည်းကြာမှ သူက သူမကို လေးနက် တဲ့အသံနေအသံထားနဲ့ ပြောလာသည်။
"နောက်ရက်နည်းနည်းလောက်တော့ အိမ်ပြန်မလာ နဲ့ဦး..ပါးပါးက မမ ပြန်မလာသင့်သေးဘူးလို့ ပြောတယ်"
သူ့ရဲ့တည်ကြည်လေးနက်တဲ့အသံကို ကြားတော့ ကုကျင်မေးကြည့်မိသည်။
" အိမ်ပြန်လာရင် ဘာဖြစ်မှာမလို့လဲ?"
"ဟိုဘီလူးမကြီး လာမလို့တဲ့"
ကုထောင်က 'ဘီလူးမကြီး'လို့ဆိုလာတော့ ကုကျင် သူ့ကို ချက်ချင်း နားလည်သွား၏။
မောင်နှမတွေက တစ်နှစ်ထဲမှာပဲ သူတို့ရဲ့ကောလိပ် ဝင်ခွင့်စာမေးပွဲတွေကို ပြီးခဲ့ကြတော့ ကုဘွားဘွား လာ လည်မယ်လို့ပြော၏။ အလိုလိုဆိုရင်တော့ သူမက သူမနဲ့ တူတူ ကုလင်းကိုပါ ခေါ်လာခဲ့လိမ့်မယ်။
"အာ...ငါသိပြီ"
သူမက စိတ်အနှောက်အယှက်ဖြစ်ကာ မျက်ခုံးကြော တွေကို နှိပ်နှယ်လိုက်မိသည်။ မင်းကို လိုက်တုပြီး မင်းနဲ့
လိုက်ယှဥ်ဖို့ကြိုးစားနေတဲ့ သူတစ်ယောက်နဲ့ တစ်မိုး အောက်ထဲမှာ တူတူနေရတာက ပင်ပန်းလွန်းတယ်။
ESTÁS LEYENDO
ဇာတ်ပို့ ဖြစ်ရန် ငါ ငြင်းပယ်မယ်-ဇာတ်ပို့ ဖြစ်ရန် ငါ ငြင်းပယ်မယ်(Completed)
RomanceBoth Unicode&Zawgyi Link: www.novelupdates.com Author: Jiang Li Yuan English Translation Name:I refuse to be a supporting character 155Chapters(Completed) Credit to Original Author and English Tra...
