Arc(2.29)

6.2K 1.1K 1
                                    

Unicode

Arc(2.29) - Saint Magus

အချိန်ကကုန်ဆုံးလာခဲ့ပြီးလေလံတင်သည့်ပစ္စည်းကလည်း(၁၂)ခုမြောက်ရောက်လာခဲ့ပြီဖြစ်သည်။သို့သော်ရှိနေသည့်လူများကပျင်းရိသလိုမခံစားရပဲအဲ့ဒီအစားလေထုကပိုပိုပြီးအသက်ဝင်လာသည်။

ထိုအမျိုးသမီးလေလံပွဲတင်ဆက်သူကတော်တော်လေးအရည်အချင်းပြည့်ဝသည်ဟုဆိုရမည်။စကားလေးအနည်းငယ်နှင့်ပင်လေလံပွဲတစ်ခုလုံးကိုစည်းရုံးသိမ်းသွင်းနိုင်သည်။ဒါ့အပြင်သူမကသူမရဲ့ကိုယ်ပိုင်အားသာချက်များကိုလည်းကောင်းကောင်းအသုံးချနိုင်ပြီးအဓိပ္ပါယ်ပြည့်ဝသည့်အကြည့်အနည်းငယ်နှင့်ပင်အမျိုးသားမေးဂတ်စ်တစ်ချို့ကိုသူတို့ပေးတဲ့လေလံဈေးအားချက်ချင်းမြှင့်အောင်လုပ်နိုင်သည်။

အဲလ်ဗစ်ရဲ့ရည်မှန်းချက်ကသူ့အတွက်တကယ်သင့်တော်တဲ့ပစ္စည်းကိုရှာဖို့ဖြစ်သည်။ထို့ကြောင့်လေလံတင်တဲ့ပစ္စည်း(၁၂)ခုထွက်သွားတာတောင်ဘယ်လောက်ပဲအမျိုးသမီးလေလံပွဲတက်ဆက်သူကပြောနေပါစေသူကအနည်းငယ်မျှပင်သွေးဆောင်ခြင်းမခံရပေ။

လီလျိုကလည်းအဲလ်ဗစ်လိုမျိုးအဲ့ဒီပစ္စည်းသုံးခုအပေါ်မှာအထူးတလည်တုန့်ပြန်ချက်ရှိမနေတာကြောင့်အများကြီးတွေးမနေပေ။ဒါ့အပြင်စင်ပေါ်ကထိုအမျိုးသမီးတင်ဆက်သူကလည်းလေလံတင်တဲ့ပစ္စည်းတွေတိုင်းကိုရှင်းလင်းနေအောင်ရှင်းပြပေးပြီးသီးသန့်ခန်းရဲ့အထူးမှော်အထောက်အပံ့ကြောင့်အောက်မှာရှိတဲ့ပစ္စည်းကိုသေချာရှင်းရှင်းလင်းလင်းမြင်နေရသည်လေ။လီလျိုကထိုပစ္စည်းကိုသေချာဂရုတစိုက်လေ့လာပြီးအမျိုးသမီးတင်ဆက်သူရဲ့ရှင်းပြချက်ကိုလည်းနောက်တစ်ကြိမ်နားထောင်ရင်းဖြင့်စားရင်းသောက်ရင်းလီလျိုကအဲလ်ဗစ်ကိုလည်းမကြာခဏစကားပြောနေလိုက်သည်။

သူစိတ်ထင်နေတာလားတော့မသိပေမယ့်အဲလ်ဗစ်ကသူအမျိုးသမီးတင်ဆက်သူအကြောင်းအနည်းငယ်ပြောလိုက်တိုင်းအဲလ်ဗစ်ကမပျော်မရွှင်ဖြစ်လာတယ်ဟုခံစားနေရသည်။သူ့မျက်နှာကဘာအမူအယာမှမပြနေပေမယ့်သူ့အဇူရာမျက်လုံးရောင်ကတော့ပိုပိုပြီးနက်ရှိုင်းလာတာကြောင့်နောက်ပိုင်းမှာလီလျိုကအမျိုးသမီးတင်ဆက်သူနဲ့ပတ်သတ်တဲ့စကားတွေကိုရှောင်ပြောလာမှသာသူ့အပေါ်မှာကျနေတဲ့ဖိအားကအနည်းငယ်နိမ့်ကျသွားရသည်။

(Completed )The Transmigration Routine of Always Being Captured by MLWhere stories live. Discover now