Chapter-48

14K 1.2K 49
                                    

Unicode

ကိုကို့ကို ကြိုပို့ခြင်းက မောင့်အတွက်တာဝန်
တစ်ရပ်လိုပင်။မည်မျှပင် အလုပ်ရှုပ်စေခြင်းငှာ
ကြိုပို့ခြင်းကို ပျက်ကွက်ခဲ့ခြင်းလည်းမရှိ။
ဆေးလိပ်ခဏခဏသောက်တတ်လို့
လျှော့သောက်ဖို့  ကိုကိုက မှာထားတော့
အရင်လို ဆေးလိပ်သောက်ပြီးလည်း
စောင့်မနေဖြစ်တော့။

"မောင် စောင့်နေရတာကြာသွားလား"

"မကြာပါဘူးဗျာ"

အိတ်ကိုယူပြီး ကားတံခါးကိုဖွင့်ပေးကာ
ကိုကို့ကို ကားပေါ်သို့တက်စေသည်။
မောင်ပါ ကားပေါ်တက်လာပြီး ကိုကို့ကို
ခါးပတ်ပတ်ပေးဖို့လည်း မမေ့။
မောင့်မျက်နှာကိုသေချာကြည့်မိတော့မှ
နွမ်းလျနေပုံပေါ်သည်။

"မောင် ပင်ပန်းနေတယ်မလား။
ဒါကြောင့် ငါ့ဘာသာပြန်လာပါ့မယ်ဆိုတာကို"

"စိတ်ဆိုးတာ ခံချင်လားပြော။
မောင် အကြိုအပို့လုပ်ပေးတာကို မကြိုက်
တော့တာလား"

"ဟာ အဲ့လိုမကြိုက်လို့မဟုတ်ပါဘူး။
စိတ်မဆိုးပါနဲ့။မောင်ပင်ပန်းနေတာကို
မကြည့်ရက်လို့ပါ"

"နေမကောင်းဖြစ်ရင် ကိုကိုတစ်ယောက်လုံး
ရှိတာပဲ။မောင့်ကိုဆေးကုပေးပေါ့"

"အင်း အဘိုကြီးဖြစ်သွားတဲ့အထိ ငါက
မောင့်ကိုဆေးကုပေးမယ်"

ရယ်သံတွေက ကားထဲပျံ့လွင့်လို့
သီချင်းသံတို့ကလည်း မတိုးမကျယ်
ထွက်ပေါ်လာသည်။သံစဉ်အေးအေးတွေက
အမောပြေစေခဲ့တာလား၊ကိုကို့ အပြုံးနဲ့
ရယ်သံတွေက အမောပြေစေခဲ့ခြင်းလား။
အပြင်ဘက်ကို ငေးကြည့်ရင်း သီချင်းသံ
နဲ့ထပ်တူ လိုက်ဆိုနေတဲ့ အသံချိုချိုလေးက
မောင့် နှလုံးသားကိုတငြိမ့်ငြိမ့်နဲ့လာရိုက်ခတ်
သည်။

"ဒါအိမ်ပြန်တဲ့လမ်းလည်း မဟုတ်ဘူး။
ဘယ်သွားမလို့လဲ"

"မောင့်သူငယ်ချင်းတွေနဲ့သွားတွေ့မလို့။
ပြီးတော့ ကိုကိုနဲ့မိတ်ဆက်ပေးမယ်လေ"

ဒီလိုနဲ့ မောင်တို့ကားဟာ စားသောက်ဆိုင်
အရှေ့ကို ရောက်လာခဲ့ပြီ။မောင်ကိုယ်တိုင်ပဲ
ကိုကို့ဘက်ခြမ်းက တံခါးကိုဖွင့်ပေးရင်း
မောင့်လက်ကိုလည်း တွဲစေသည်။
ဆိုင်ထဲဝင်တော့ မောင်က သီးသန့်အခန်းထဲ
ကို ဦးတည်သွားသည်။အခန်းထဲရောက်တော့
နေရှင်းအပါအဝင် အခြားသုံးယောက်က
ရောက်နေနှင့်ပြီ။

ချစ်ရပါသောမောင် (ချစ်ရပါသောမောင် ){Completed}Where stories live. Discover now