Chapter 25 Unicode

663 62 5
                                    

1week later 💚

"ရောက်ရင်ဖုန်းဆက်လိုက်နော်"

သွားခါနီးလေးသတိတရနှင့်မှာနေသူမှာMean.

"မဆက်ဘူး"

မျက်နှာချင်းဆိုင်အနေအထားမှနောက်ကျောခိုင်းအနေအထားသူပြောင်းလိုက်ကာအငြင်းစကားကိုဆိုလေသည်။

"ဘာလို့မဆက်ဘူးပြောတာလဲ ကလေး"

လက်ကလေးကိုလှမ်းဆွဲကာအညင်အသာမေးလေတော့

"ကိုယ့်ရုပ်ကိုယ်မှန်ထဲကြည့်လိုက်ဦး။
ကလေးထွက်သွားမှာကို၀မ်းနည်းနေတဲ့ပုံလည်းမပေါ်ဘူး"

အိုကွယ် ကိုယ်မ၀မ်းနည်းဘဲနေမလားကလေးရယ်။

Mean ကPlan ရဲ့ပခုံးလေးအားလှမ်းကိုင်ပြီး နေအထားဖြစ်အောင်ပြုလိုက်ကာပါးမို့မို့ကိုကိုင်လိုက်ပြီးပြုံးပြလေသည်။

"၀မ်းနည်းစရာလားကလေးရယ်။ကလေးကောင်းတာလုပ်တာဘဲကိုယ်ကပိုပြီးတောင်အာူပေးရဦးမှာ"

"မသိဘူး နည်းနည်းလေးမှ၀မ်းနည်းနေပုံမပေါ်ဘူး"

"ကိုယ့်ရင်ခွင်က ကလေးအပိုင်။အခု UK သွားတယ်ဆိုတာကလည်း ခဏတာအတွက်ဘဲ။အချိန်တန်ရင်ကလေးပိုင်တဲ့ကိုယ့်ရင်ခွင်ထဲပြန်လာရမှာ"

စကားအဆုံး၌ပါးမို့မို့ကိုခပ်ဖွဖွနမ်းကာ

"ကဲ ကိုယ့်ကလေးလေးသွားတော့နော်။"

ကျွန်တော့်ထက်တစ်နှစ်သာငယ်ပေမယ့်ကလေးတစ်ယောက်လိုမျက်နှာစူပုတ်လျက်။

ထွက်သွားခါနီးကျွန်တော့်လက်ကလေးကိုခပ်တင်းတင်းလေးသူဆုပ်ကိုင်ထားသေးသည်။

"ကလေးသွားတော့မယ်နော်"

သူခွဲထားတဲ့ကျွန်တော့်လက်ကိုသူလွှတ်လိုက်ပါဦး။နောက်ကျောခိုင်းအနေအထားနဲ့ ကျွန်နဲ့ခပ်လှမ်းလှမ်းပင်သူရောက်နေပြီ။

သူ့အရှေ့မှာတနှစ်သာသာကြီးတဲ့ကျွန်တော်ရင့်ကျက်ချင်ယောင်ဆောင်နေပေမယ့်ကျန်ရစ်ခဲ့တဲ့ခံစားချက်ကြီးကိုယ်တစ်ကယ်မကြိုက်ဘူးကလေးရယ်။

သူ့နောက်ကျောကိုသာကျွန်တော်ငေးနေမိတယ်။
သူပြန်လှည့်လာပြီးလက်ပြကာနှုတ်ဆက်ရှာသည်။
အဲလောက်အကွာအဝေးဆိုတော့ကျွန်တော့်မျက်ရည်တွေသူမမြင်လောက်ပါဘူး။

My Little Ghost ( 2wish ) Unicode ZawgyiWhere stories live. Discover now