Part🏃(3)💝🐍💜

35.3K 1.5K 5
                                    

Zawgyi 🙋‍♂️
ရိဖန်ဖန်တစ်ယောက် ငိုမဲ့ငိုမဲ့နှင့် အလုပ်ကိုလဲတန်းမသွားနိုင်ပေ အဆောင်ပြန်ဖို့သာရှိတော့သည် အဆောင်ရောက်တော့

ရေချိုးရန်အဝတ်တွေချွတ်ပြီး မှန်ရှေ့တွင်ကိုယ့်ကို ကိုကြည့်မိလိုက်သောအခါ နှုတ်ခမ်းတွင် စပ်ဖျင်းဖျင်းနှင့် သွေးများမှာခြောက်နေလေပြီ လည်ပင်း ရင်ဘတ် ပေါင် ဗိုက်မှာလဲ အန်းထျန်းလော့ ၏နမ်းရာကိုက်များဖြင့် ရဲတွတ်နေလေသည်

အောက်ပိုင်းမှ နာကျင်မှုများက ဝမ်းနည်းမှုကြောင့် တိုးလို့ပင်နာလာသည် မျက်ရည်များကအလိုလို ကျလာသည် ကိုယ့်ကို ကိုပင်မုန်းလာသည် ညစ်ပတ်နေတဲ့ခန္ဓာကိုယ်ကို ရေချိုးပစ်လိုက်သည် မောပမ်းလွန်း၍ အိပ်ယာပေါ် ဘာမှ မတွေးနိုင်ပဲ အိပ်ပစ်လိုက်သည် သူငယ်ချင်းချင်ဖေ ph ခေါ်နေသည်ကိုပင်မကြားနိုင်တော့ပေ အလုပ်ထဲတွင် မန်နေဂျာမှ ရိဖန် ကိုကျိန်ဆဲပြောဆိုနေလေသည်

ph လဲခေါ်မရ အမြီးတောင်မတွေ့ရပဲ ဘယ်များသွားသေနေပြီလဲ ဟုအနည်းဆုံးတော့ ပြောဆိုနေလောက်ပြီ ဘယ်ချိန်ရှိလို ရှိမှန်းမသိ အခန်းရှေ့ တံခါးခေါက်သံကြောင့် ရိဖန်နိုးလာသည်

' ဒေါက် ဒေါက်

" ဟေ့ဟျောင် ရိဖန် ပြန်ရောက်နေတာလား တံခါးလာဖွင့် "

! ချင်ဖေပြန်လာပြီပဲ နာရီကြည့်တော့ 7:00 နာရီပင်ထိုးနေလေပြီ အဝတ်များ ဂတ်ခါ .

" မင်းက နောက်ကျလှချည်လား "

" ဟျောင့် ရိဖန်ဘာလို့ အလုပ်ကိုပြန်မလာတာလဲ ဟိုမှာမင်းကိုကြည့်ရတာမဟုတ်ဘူးသိလား အလုပ်ပြုတ်မှ စားစရာမရှိဖြစ်နေမယ် မင်းကြောင့် ငါလဲနောက်ကျရပြီ "

" အေးပါကွာ sry ငါနောက်မှရှင်းပြမယ် ဗိုက်ဆာပြီ သတင်းက မနက်ဖြန်အတိကျရပြီပဲ သက်သေနှင့်တကွ ပေါ့ အဲ့ခွေးတိရစ္ဆာန် အန်း ခွေးကောင်အကြောင်း ကိုငါဖော်ထုတ်ပြမယ် "

" ဟမ်ဘာဖြစ်နေတာလဲ "

!ချင်ဖေမှ ရိဖန် အန်းထျန်းလော့ ကိုဘာတွေများမကျေနပ်ဖြစ်နေတာပါ့လိမ့် !

"
ထမင်းစားမယ်!!! "

ရိဖန် ကြောင်ရပ်နေသော ချင်ဖေကို အော်ပြောလိုက်လေသည် " သွားပါမယ်ကွာ"

ရူးသွပ်စေနိုင်သောအချစ်(HOT LOVE)♥completed🔞Where stories live. Discover now