Part-1

168K 5.5K 387
                                    

(Zawgyi)🍀🍀🍀🍀

Part-1
(ကိုယ်​..ချစ်​​သော clover...!!..)

ဆိတ်​ငြိမ်​ရပ်​ကွက်​တစ်​ခု အတွင်းရှိ...
ခြံဝန်းကျယ်​တစ်​ခု၏ အလယ်​တွင်​...
ကြီးမား​သော သုံးထပ်​တိုက်​ကြီးက ​နေရာယူ
ထားသည်...။

ခြံဝန်းကျယ်​ကြီး၏ ​နေရာအ​တော်​များများ
တွင်​ သစ်​ခွပန်းလှလှ​လေးများက ​နေရာယူ
ထားသည်​မှာ စိုက်​ပျိုး​ရေးခြံ တစ်​ခုနှင့်​ပင်​...
တူ​နေ​သေးသည်​..။

အလိုင်းကန့်​​လေးများ စီစဉ်​ကာ ​သေချာ...
စိုက်​ပျိုးထားခြင်းဖြစ်​ကာ လွယ်​လွယ်​မ​တွေ့
နိုင်​​သော သစ်​ခွမျိုးစိတ်​များပါ ပါဝင်​သည်​..။

တစ်​ချက်​ကြည့်​ယုံဖြင့်​ ထို​နေရာ​လေးမှာ...
တစ်​​စုံတစ်​​ယောက်​ ၏ ဂရုစိုက်​ မြတ်​နိုးမှု..
ကို ခံရ​သော ​နေရာ​လေးမှန်း ​ပြောနိုင်​သည်​။

သစ်​ခွပန်းခြံ​လေး ၏ အနီးနားတွင်​ရှိ​သော...
အဖြူ​ရောင်​ စားပွဲ​လေးနှင့်​ ထိုင်​ခုံ​လေးက...
ခြံဝန်းကျယ်​ထဲ ​နေရာယူထား​သော မြက်​ခင်း
စိမ်း​လေးနှင့်​ လိုက်​ဖက်​​နေသည်​...။

စားပွဲအဖြူ​လေး ​ပေါ်တွင်​မူ ကြိမ်​ခြင်း..
အ​သေး​လေးတစ်​ခုက ​နေရာယူထားကာ..
ကြိမ်​ခြင်း​လေး ထဲတွင်​မူ သစ်​ခွပန်း​လေး..
အချို့က ​နေရာယူထားသည်​...။

သစ်​ခွ​ပန်း​လေးများ ချိတ်​ဆွဲထားရာ...
အလိုင်းတန်းများကြားကို ​သေချာစွာ...
ကြည့်​ပါက ပန်းပွင့်​​လေးများကို တယုတယ
ကိုင်​တွယ်​​နေ​သော လူငယ်​​လေး တစ်​ဦးကို...
တွေ့ရမည်​ ဖြစ်​သည်​...။

လူငယ်​​လေး ၏ လက်​ထဲတွင်​ ပန်းဖြတ်​​သော..
ကပ်​​ကြေး​လေးကို ကိုင်​ထားကာ မျက်​ဝန်းများ
ထဲတွင်​က သစ်​ခွပန်း​လေးများကို မထိရပ်​မတို့
ရပ်​ဖြစ်​​နေသည်​က အထင်းသား...။

တစ်​ခဏအကြာ မှ​သေချာဆုံးဖြတ်​ပြီးပုံဖြင့်​...
သက်​ပြင်း​မောကို ချရင်း အဖြူ​ရောင်​ သစ်​ခွပန်း
တစ်​ခက်​ကို ပန်းဖြတ်​ကပ်​​ကြေးဖြင့်​ ဖြတ်​ကာ...
ခူးလိုက်​သည်​...။

Clover your'e my clover[Completed]Where stories live. Discover now