Arc(2.30)

6.8K 1.1K 7
                                    

Unicode

Arc(2.30) - Saint Magus

လူငယ်လေးကအလျင်အမြန်ပြန်ရောက်လာပြီးသူကိုင်ထားတဲ့ဗန်းပေါ်မှာသိုလှောင်အိတ်ကိုတင်ထားသည်။

"သင်ပေးတဲ့ကုန်ပစ္စည်းတွေကကျွန်တော်တို့ရဲ့အကဲဖြတ်သခင်မှကြည့်ရှုပြီးဒါကသင့်ရဲ့မတူညီတဲ့ငွေပေးချေမှုကုန်ကျစရိတ်မှတ်တမ်းပါ"

အဲလ်ဗစ်ကအဲ့ဒါကိုကြည့်မနေတော့ပဲလေလံပစ္စည်းနဲ့ပိုက်ဆံအားလုံးကိုသူ့သိုလှောင်အိတ်ထဲပြန်ထည့်၍မတ်တပ်ထရပ်ကာထွက်ခွာရန်ပြင်ဆင်လိုက်တော့သည်။

လူငယ်လေးကသူ့ညာဘက်လက်မှာဗန်းကိုကိုင်ထားပြီးသူ့ကိုယ်ဘေးမှာထားထားရင်းသူ့ဘယ်ဘက်လက်ကိုရင်ဘက်မှာတင်၍အဲလ်ဗစ်ဆီခါးကိုကွေးညွှတ်လိုက်သည်။

"နောက်တစ်ခါထပ်လာဖို့အတွက်ကြိုဆိုပါတယ်"

အဲလ်ဗစ်ကဘာမှမပြန်မပြောပဲခေါင်းကိုသာအနည်းငယ်ငြိမ့်ပြလိုက်သာလီလျိုကိုကောက်ချီ၍သီးသန့်ခန်းမှအလျင်အမြန်ထွက်ခွာပြီးလေလံအိမ်မှပြန်သွားတော့သည်။

ထိုအချိန်မှာညမြင်ကွင်းကအလွန်မှောင်မိုက်နေပြီဖြစ်ပြီးလမ်းပေါ်မှာလည်းလမ်းသွားလမ်းလာသိပ်မရှိတော့ပေ။မိုးကောင်းကင်ပေါ်မှာချိတ်ဆွဲထားတဲ့လရဲ့အဖြူရောင်အလင်းလေးကသာသူတို့ရဲ့အပြန်လမ်းကိုအလင်းရောင်ထွန်းလင်းပေးနေသည်။

အဲလ်ဗစ်တည်းခိုခန်းကိုလီလျိုနဲ့ပြန်ရောက်တဲ့အချိန်တည်းခိုခန်းဝင်ပေါက်ပင်ပိတ်နေခဲ့ပြီဖြစ်သည်။သူ့မှာတံခါးစောင့်အဖြစ်တာဝန်ထမ်းဆောင်နေတဲ့ဝန်ထမ်းကိုခေါ်ပြီးသူ့ကိုယ်သူမည်သူမည်ဝါဖြစ်ကြောင်းအတည်ပြုပြီးမှသာအထဲဝင်ခွင့်ရလိုက်သည်။

အဲလ်ဗစ်အခန်းထဲပြန်ရောက်ပြီးတံခါးကိုပိတ်လိုက်သည်နှင့်လီလျိုကသူ့ပုခုံးပေါ်မှချက်ချင်းခုန်ဆင်းကာလူသားပုံစံပြန်ပြောင်းလိုက်ပြီးရေချိုးရန်ပြင်ဆင်လိုက်သည်။

သို့သော်သူနောက်လှည့်လိုက်တဲ့အချိန်မှာပဲသူ့ရဲ့သွယ်ပြောင်းတဲ့ခါးကိုချည်ထားတဲ့ခါးပတ်အားသူ့နောက်ကျောမှထွက်လာသည့်သန်မာတဲ့လက်မောင်းများနဲ့တင်းတင်းကြပ်ကြပ်ပိတ်သိမ်းလိုက်သည်အားချက်ချင်းခံလိုက်ရ၏။

(Completed )The Transmigration Routine of Always Being Captured by MLWhere stories live. Discover now