💜 S3 EP - 15 💜

80.8K 8.1K 863
                                    

နောက်တစ်နေ့မနက်...

မို့အစ်ဖောင်းပြီး ရောင်နေတဲ့ မျက်လုံးတို့နဲ့အတူအိပ်ရာကနိုးလာခဲ့တယ် ။ မနေ့ညက သူပြန်လာမလားလို့ စောင့်နေခဲ့ပေမယ့် မိုးလင်းတဲ့အထိပြန်မလာခဲ့ဘူး နှိုင်း ကိုယ်တိုင်တောင် ဘယ်အချိန်အိပ်ပျော်သွားလဲမသိလိုက်ဘူး ။

ညကငိုထားတဲ့ဒဏ်ကြောင့် တစ်ဆစ်ဆစ်နဲ့ထိုးကိုက်လာတဲ့ ခေါင်းကြောင့်မျက်နှာရှုံ့မဲ့ကာ ဘေးစားပွဲမှာတင်ထားတဲ့ရေဗူးကိုလှမ်းယူကာသောက်လိုက်သည် ။

* သူတကယ်ပြန်မလာခဲ့ဘူးပဲ ဘယ်တွေသွားနေပါလိမ့် *

နှိုင်း မနေ့ညကအကြောင်းစဥ်းစားကြည့်ရင်း စိတ်ရှုတ်ထွေးကာနှလုံးသားတွေပင်စို့နင့်လာသည် ။

နှိုင်း ကိုဖုန်းခေါ်ထားမလားဆိုပြီး ကြည့်လိုက်တော့လဲ ဖုန်းအဝင် နဲ့ SNS တစ်ခုမှမရှိ ။ နှိုင်း မှတ်မိတာ မနေ့က Demon ထွက်သွားချိန်မှာ ရေချိုးပြီးခါစညအိပ်ဝတ်စုံနဲ့ မဟုတ်လား ။ ထိုသို့တွေးမိတော့ နှိုင်း ပြောမိတဲ့ပါးစပ်ကိုသာအပြစ်တင်ချင်သွားတယ် ။

" ငါသူ့ကိုအချိန်ယူပြီး ပြောရမှာ ငါအလောတကြီးဖြစ်သွားတာကိုး..  ဒီကောင်လေး ဘယ်တွေလျှောက်သွားနေလဲမသိဘူး "

ဒီနေ့က နှိုင်း ရုံးပိတ်ရက်မို့ ဘာမှလုပ်စရာမရှိတာကြောင့် ရေမိုးချိုးအဝတ်စားလဲပြီး မနက်စာကိုစိတ်မပါစွာထိုင်စားနေရသည် ။

စားသောက်ခန်းထဲမှာ မနက်စာစားနေစဥ် နှိုင်း အတွေးတွေက Demon နဲ့အတူရှိနေတုန်းက စကားသံလေးတွေ နဲ့ ကလေးတစ်ယောက်လိုချွဲတဲ့ပုံစံလေးတွေနဲ့ ကိုကို ဆိုပြီးအပ်ကြောင်းထပ်အောင်ခေါ်တတ်တဲ့ အသံဆာဆာလေးတွေကိုကြားယောင် မြင်ယောင်ကာနေတော့သည် ။

* ကိုကို ကျွန်တော်မနိုးသေးပဲဘာလို့ထသွားတာလဲ *

* ကိုယ်ကမနက်စာပြင်ရမယ်လေ ခဏနေရင် အလုပ်လဲသွားရဦးမှာကို *

အနည်းငယ်မျက်မှောင်ကျုံ့၍အလိုမကျဖြစ်နေတဲ့ Demon က နှိုင်း ကိုနောက်ကျောကနေသိုင်းဖက်ကာ ပခုံးပေါ်မေးတင်ထားပြီး ..

* ဗိုက်ဆာတယ် *

* အင်း ရတော့မယ် ခဏလေးပဲစောင့်နော် *

ကိုကိုရဲ့ကလေးငယ် S3 [ Completed ]Where stories live. Discover now