အိမ်ပြန်ရောက်တော့ ပန်းရီက Messenger စာပို့ထားသည်။" ရှင်း ငါတို့အကုန်လုံးကို သူတို့နဲ့ Gp chatထဲကထုတ်ပစ်လိုက်ပြီ။ လာမေးလဲ စကားပြန်မပြောနဲ့နော်။ ကိုယ့်ဘာသာနေ။ ငါတို့ရှိတယ်"
အင်းဟုတ်တယ်။ အနည်းဆုံးတော့သူငယ်ချင်းတွေရှိသေးတယ်။ ပျော်ပျော်နေရမယ်။
ညထိ ဖုန်းမကြည့်ပဲ မေမေ့ကိုသာလုပ်ကူပြီးနေလိုက်သည်။
အိပ်ခါနီးဖုန်းကြည့်မိမှ နက်ရှိုင်းဆီမှ Miss call သုံးခါလိုင်းပေါ်တတ်ကြည့်လိုက်တော့လဲ နက်ရှိုင်းစကားလာပြောထားသည်။
စကားပြန်ပြောချင်စိတ်လဲ မရှိ
ပန်းရီတို့ကလဲ မပြောစေချင်တာမို့ ပြန်မပြောပဲ နေလိုက်သည်။ထပ်ပြီးတော့ အထင်မလွဲသင့်တော့ဘူးလေ။ သူ့မှာ နန္ဒာရှိနေပြီပဲ။
စုလင်းပို့ထားသော စာကိုဖတ်ကြည့်လိုက်တော့ မနက်ဖြန်ဟောပြောပွဲရှိကြောင့်အတန်းချိန် နှစ်ချိန်သာရှိပြီး တချိန်က
ဆရာမ ခရီးသွားနေကြောင်း။ ထို့ကြောင့် အတန်းပြေးကြမည်ဖြစ်ကြောင်းပို့ထားသည်။
မရွှေချောသုံးယောက်ပြေးလို့ မိရှင်းဟာ ဇွဲရှိရှိ အဲ့တချိန်သွားတတ်မယ်မထင်ပါနဲ့။
ပြေးမှာပါ။မနက်ဖြန် အားနေတော့ဘာလုပ်မလဲ။
စာအုပ်ဆိုင်သွားမယ်။
ရုပ်ရှင်သွားကြည့်ချင်လိုက်တာ ဟိုကောင်တွေလဲ မြို့ထဲလာမှာမဟုတ်ဘူး။ တစ်ယောက်တည်းလဲ မကြည့်ချင်ဘူး။ညတာတိုလှသော ညတစ်ညကို ဖြတ်ကျော်ပြီး မနက်သို့ရောက်ရှိသွားပါသည်။
ရောက်သည်ဆိုမှ နာရီကြည့်တော့ ၉နာရီ။
အိမ်အောက်မှ မွေးသမိခင်၏ ချီးကျူးထောပနာသံများကိုကြားနေရပါပြီ။" မိရှင်း ဘယ်အချိန်ရှိနေပြီလဲ ကျောင်းမသွားတာနဲ့ပဲ မထတော့ဘူးပေါ့။ ကျမဆိုင်သွားရဦးမယ် လာပြင်ဆင်ကူပါဦးလား"
အိပ်ယာထဲက ကုန်းကပ်ထကာ ရေအမြန်ပြေးချိုးရသေးသည်။ဆောင်းတွင်းဆိုပြီး မနက်ပိုင်းမချိုးလို့မဖြစ် နေ့လယ်မှ ချိုးရင် အပူက ကန်ဦးမည်။နောက်ပြီး မာတာမိခင်ကျေးဇူးရှင်ဆီ အပြေးသွားကူရသည်။