Chapter-52

13.1K 1.2K 38
                                    

Unicode

ဒီနေ့က ဆယ်တန်းစာမေးပွဲနောက်ဆုံးနေ့..။
နေရှင်းမှာ ခေတ်ခေတ်ထွက်အလာကို
စောင့်နေမိတာဖြစ်သည်။ကျောင်းဝန်းထဲ
မဝင်ရုံတမယ် နေရှင်းက အရှေ့ဆုံးမှာ
စောင့်သည်။ဒေါ်လေးနွယ်ကိုတော့ လူများ
လို့ ကားပေါ်မှာပဲနေခိုင်းဖြစ်သည်။
သိပ်မကြာ တလှုပ်လှုပ်နှင့်ထွက်လာသည့်
ကလေးငယ်မှာ မျက်နှာလည်းမကောင်း။
ကိုယ့်ကိုတွေ့တော့ ပြေးလာရှာတာ ညှိုးညှိုး
နွမ်းနွမ်းလေးရယ်။

"အစ်ကိုနေရှင်း"

ငိုသံနှင့်ကလေးငယ်ဟာ ခေါ်ရှာပြန်သည်။
မျက်ဝန်းအိမ်ထဲမှာ မျက်ရည်စတို့က ဝေ့သီ
တက်လာသည်။ခေတ်ခေတ် စာမေးပွဲမဖြေ
နိုင်လို့များလားလို့ တွေးမိတော့ ဒီလူရင်မှာ
အပူတပြင်း သနားမိတာမျိုးလည်းဖြစ်သည်။

"လာကလေးလေး ကိုယ်တို့ကားပေါ်
သွားကြမယ်"

"ဟုတ်"

ခေတ်ခေတ်က ဗိုက်ကိုကုတ်ပြီးပြောလာ
တော့ နေရှင်းမှာ အသည်းတယားယား။
ကားပေါ်ရောက်တဲ့အထိ ဗိုက်ကိုကုတ်
နေတာတော့ မဟုတ်သေးဘူးလို့ နေရှင်း
ထင်သည်။တဖြည်းဖြည်း နှုတ်ခမ်းတွေ
မဲ့ကျလာပြီး ကလေးငယ်က ငိုချလာတော့
စိုးရိမ်စိတ်က အရှိန်အဟုန်ပြင်းပြင်းဆောင့်
တက်လာသည်။

"ခေတ်ခေတ် စာမေးပွဲမဖြေနိုင်လို့လား
သားလေး၊မာမားကိုပြောပါဦး။
စားမေးပွဲဖြေတိုင်းBioမှာ ခေတ်ခေတ်က
ဂုဏ်ထူးမှတ်ရနေကျလေ။သား စာတွေ
မေ့သွားလို့လား"

"ကလေးလေး ပြောပါဦး၊စာမေးပွဲ မဖြေနိုင်
လို့လား၊ဒါမှမဟုတ် ဗိုက်အောင့်နေလို့လားဟင်"

"ဟင့်အင်း မဟုတ်ဘူး။ဗိုက်..ဗိုက်ကိုအကောင်
ကိုက်သွားလို့။အဲ့ ပုရွက်ဆိတ် အစုတ်ပလုတ်
ကောင်က ဘယ်နေရာကနေ ဘယ်လိုဝင်သွား
မှန်းမသိဘူး။ယားတယ်၊ယားတယ်လို့
ခေတ်ခေတ်ဗိုက်ကို မညှာမတာကိုက်ချပစ်တာ"

​နေရှင်းရော၊ဒေါ်လေးနွယ်မှာ ခဏတော့
ဘာပြန်ပြောရမှန်းမသိ။မင်းခေတ်သွန်း
အကြောင်း သိနေရက်သားနဲ့ စိတ်ပူမိတော့
လည်း ခံပေါ့။ဒီကလေးနှယ့် ဘာလို့ချစ်ဖို့
ကောင်းနေရတာလဲ။

ချစ်ရပါသောမောင် (ချစ်ရပါသောမောင် ){Completed}Where stories live. Discover now