၂၄

21.1K 2.8K 30
                                    

(Unicode)

"ဒီနှစ် king selection တွေကို Third year prince ကပဲ တာဝန်ယူပေးရတော့မယ်"

Hall ခန်းမထဲတွင် ခွန်နှောင်းအပါအဝင် အတန်းထဲမှ ခပ်ချောချောကောင်လေးများ တန်းစီကာရပ်နေကြရသည်။

"ဘာလို့လဲ၊ ဦးတည်တံ့စိတ်တိုက ဘယ်ရောက်သွား?"

အမနှင်းဆီက ပြောပြီးတော့မှ ခွန်နှောင်းတို့ဘက်လှည့်ကာရှင်းပြသည်။

"အဲ့လိုပဲ အဲ့ကောင်ကိုအမတို့က ဦးတည်တံ့စိတ်တို လို့ခေါ်တာ၊ အားနေစိတ်တိုရင်တို မတိုရင်တည်တည်တံ့တံ့ကြီးနေလွန်းလို့"

"ဪ ဟုတ်"

"အဲ့ကောင် basket ball ပြိုင်ပွဲပါသွားတယ်လေ"

"ကျောင်းကရော"

"ခွင့်ပေးထားတယ်၊ လာ ညီလေးတို့ Talent လေးတွေနဲ့စရအောင်"

ခွန်နှောင်းအနေဖြင့် မောင်မယ်သစ်လွင်ကြိုဆိုပွဲအား အမှန်ပင် စိတ်မဝင်စားခဲ့သော်ငြား Senior တွေနဲ့ ရင်းနှီးသွားသောအခါ ပျော်စရာဟုပင် မှတ်ယူလာနိုင်လေသည်။ တော်ပါသေးသည်။ အဆိုးအကောင်းရောပြွန်းနေသော အိပ်မက်ယောင်ယောင် အမှန်ယောင်ယောင်အခြေအနေကို သူခဏမေ့လျော့နိုင်ခဲ့ပေသည်။

~~~~~~~

ပြောင်ပြောင်ရောင်ရောင်ရှိနေသော ကုတ်အင်္ကျီက သျှန်ခွန်နှောင်းနှင့် လိုက်ဖက်နေဟန်။ D-day ရောက်လာသောအခါ ကျောင်းဝင်းတစ်ခုလုံးတွင် ပျားပန်းခတ်မျှ လှပနေသော အချောအလှများသည် စည်စည်ကားကား ပျော်နွှဲလျက်။

"မင်းက သီချင်းဆိုမှာလား"

"အေး၊ ဆိုတော့မဆိုတတ်ပါဘူး၊ နည်းနည်းပါးပါးပဲရတာ"

"ဘာသီချင်းလဲ"

"That should be me"

"အော် မဆိုးဘူး"

ကျော်ကျော်ကဘေးက ပုဝါကူရေကမ်းဖြင့် king ကိုယ်ရံတော်လုပ်နေရသည်။ ဒီသူငယ်ချင်းလေးက ရုပ်ချောတော့ king ဖြစ်မှာ သေချာပါသည်။ ကောင်မလေးတွေကပ်လာလျှင် သူကပါ ငမ်းဖို့အခွင့်အရေးရှိသည်။ တွေးရင်းနဲ့ပင် ပျော်နေသည်မှာ ဘေးပတ်ဝန်းကျင်ကိုပါမေ့လို့။

နှောင်းဦးသက်လည်တည်စေအံ့Where stories live. Discover now