💜 S3 EP - 16 💜

97.2K 8.3K 1.2K
                                    

Demon ပြောလိုက်တော့ နှိုင်း ရော ရှိုင်းထက်အောင် အသံလာရာဆီမော့ကြည့်လာကြသည် ။

နှိုင်း က Demon ကိုလဲတွေ့ရော အံသြဝမ်းသာဖြစ်သွားပေမယ့် Demon ရဲ့မျက်နှာမှာဒေါသရိပ်တွေတွေ့နေရတာမို့ ဒီအခြေနေကိုရှင်းပြရတော့မည် ။

" မဟုတ်ဘူး Christo မင်းအထင်လွဲ... "

" ခင်ဗျား ကျုပ်ကိုငြင်းတဲ့အကြောင်းပြချက်က ဒီအမှိုက်ကောင်ကြောင့်လား "

ပေါ်တင်လက်ညှိုးထိုးကာ Demon ပြောလိုက်တော့ ရှိုင်းထက်အောင် ပေါက်ကွဲကာ ..

" ဟေ့ကောင် မင်းဘာစောက်စကားပြောတာလဲ "

" မင်းကိုဒဲ့ပြောတာ ဘာဖြစ်ချင်လဲ "

" ဘာကွ!"

ရှိုင်းထက်အောင် က Demon ရင်ဘတ်ကိုဆောင့်တွန်းလိုက်တော့ Demon နဂိုဒေါသထွက်နေတဲ့စိတ်အခြေနေနဲ့မို့ အံကြိတ်ကာ အကျီရင်ဘတ်ကိုဆွဲကိုင်ကာ ထိုးဖို့ရွယ်လိုက်ချိန် ...

" တော်ပြီ! Christo .. မင်းကိုယ်ပြောနေတာနည်းနည်းလေးမှနားမထောင်ဘူးလား !! "

နှိုင်း အော်လိုက်တာကြောင့် Demon က ရှိုင်းထက်အောင် ကို ရွယ်ထားတဲ့လက်ကို ချက်ချင်းလွတ်ပေးကာ လက်နှစ်ဖက်လုံးခေါင်းနားမှာမြှောက်ပြီး အေးစက်စက်ပြုံးကာ .. နှိုင်း ကိုလှည့်ကြည့်ပြီး

" ကျုပ် ခင်ဗျားကိုပြောခဲ့ဖူးတယ် ကျုပ်ကကြမ်းတမ်းပြီးရိုင်းစိုင်းတဲ့ကောင်ပါလို့ .. ဒါပေမယ့် အဲ့လိုကောင်က ခင်ဗျားပါးစပ်ကထွက်တဲ့စကားကိုတော့ မလွန်ဆန်နိုင်ဘူး .. သူ့ကိုမထိစေချင်ဘူးမလား.. Okay ကျုပ် မ ထိ တော့ ဘူး "

တစ်စုံတစ်ယောက်ကို ကာကွယ်ပေးနေတဲ့ ချစ်ရသူကြောင့် Demon နှလုံးသားကိုဓားနဲ့မွန်းနေသလိုပဲ နာကျင်ရတယ် ။ ရင်ဘတ်ထဲကနာကျင်မှု့ကို အံကြိတ်ကာ တစ်လုံးချင်းပြောရင်း သူ့အမိန့်ကိုမလွန်ဆန်နိုင်တဲ့ Demon အတွက် ဆက်နေမလား လှည့်ပြန်မလား ရွေးချယ်စရာနှစ်လမ်းပဲရှိတယ် ။

ကိုယ့်အတွက်မဟုတ်တဲ့ ချစ်ရသူအနားမှာဆက်နေရင် ပေါက်ကွဲပြီးသတ်ပြစ်ချင်စိတ်တွေပေါ်လာဦးမှာမို့ ဆက်နေဖို့မဖြစ်နိုင်ဘူး ။ အဲ့ဒါကြောင့် .. သူနဲ့ဝေးရာမှာ အချိန်တစ်ခုထိပျောက်ကွယ်နေပေးယုံပေါ့ ။

ကိုကိုရဲ့ကလေးငယ် S3 [ Completed ]Where stories live. Discover now