🥀🦁🐰အတိတ်ကောက်ကြောင်း🥀🐰🦁
အပိုင်း(၄)
လေဆိပ်တွင် ရပ်စောင့်နေသည့် ဆူးခတ်နားသို့ မျက်နှာ mask အုပ်ထားသည့် လူတစ်ယောက် ချဉ်းကပ်လာသည်။ ၎င်းက အနီးကပ်ရောက်လာချိန် ဖုန်လေးအားထောင်ပြလိုက်သည်။ ဖုန်း screen တွင်ပြနေသည့် ဓာတ်ပုံလေးက ဆူးခတ်၏ ဓာတ်ပုံလေးဖြစ်၏ ။ ဆူးခတ်က ဓာတ်ပုံမြင်သည်နှင့် ထိုလူအား ပြုံးပြလိုက်ပြီး ဦးညွှတ် နှုတ်ဆက်လိုက်သည်။
"မဂ်လာပါရှင့်...အိုး....sorry"
သူမက မြန်မာဘာသာစကားဖြင့် နှုတ်ဆက်လိုက်မိပြီးမှ သတိရသွားပြီး တရုတ်စကားဖြင့်ပြန်ပြောလိုက်သည်။
"မဂ်လာပါ...အစ်ကိုက အစ်ကိုရှောင်ကျန့်ရဲ့ သူငယ်ချင်းလား"
"ဟုတ်ကဲ့ သူက အစည်းအဝေးဝင်နေလို့ပါ"
ဆူးခတ်က ခေါင်းညိတ်ပြ၍ ပြန်ပြောလိုက်သည်။
"ဪ...ဟုတ် ခုလို ကူညီပေးလို့ ကျေးဇူးပါရှင့်"
"ပစ္စည်းတွေပေးလေ...သွားရအောင်"
အလျှင်စလို ဖြစ်နေသည့် လူသတ်သမားက လက်ဆွဲအိတ်ကို ယူလိုက်ပြီး လေဆိပ်အပြင်ဘက်ကို အမြန်ထွက်ဖို့ ဆူးခတ်အား လောလိုက်သည်။ ဤသို့ဖြင့် ဆူးခတ် တစ်ယောက် ရှောင်ကျန့်၏ သူငယ်ချင်းဆိုသူနောက်သို့ လိုက်ပါသွားခဲ့၏ ။
လိုက်ပါသွားရလောက်အောင် ရှောင်ကျန့်၏ ဖုန်းနံပါတ်ဖြင့် သူမထံဝင်လာသည့် စာနှင့် ဓာတ်ပုံများကအစ ပြပြီး ယုံကြည်အောင် ပီပြင်လွန်းခဲ့သည်။ သူမအနေဖြင့် မိမိမသိသော မကျွမ်းကျင်သောအရပ်မို့ အစကတည်းက ရှောင်ကျန့်၏ ဖုန်းနံပါတ်ကို အဒေါ်တော်စပ်သူထံမှ တောင်းထားသည်လေ။ အခြေအနေကလည်း ယုံကြည်နိုင်မည့် အနေအထားမျိုး ဖြစ်နေသည်မို့ သူမ လွယ်ကူစွာ ထောင်ခြောက်မိခဲ့သည်။
လေဆိပ်အဝင်အထွက် ဝင်ပေါက် ခွဲခြားထားသည့်ဘက်မှ ရှောင်ကျန့် နှင့် ဝမ်ရိပေါ်တို့ဝင်လာခဲ့သည်။ အနည်းငယ် အကွာအဝေးခြားနေသည်မို့ လေဆိပ်ထဲပြေးဝင်လာသည့် ရှောင်ကျန့်နှင့် ဝမ်ရိပေါ် ၊ အပြင်ထွက်သွားသည့် ဆူးခတ် နှင့် လူသတ်သမားတို့ အဝင်အထွက် ကပ်သီးလေး လွဲသွားခဲ့ကြသည်။
YOU ARE READING
🥀🐰🦁အတိတ်ကောက်ကြောင်း🥀🦁🐰
Actionမြန်မာ _ တရုတ် ပူးပေါင်း စစ်ဆင်ရေး ရဲစုံထောက် fic လေးပါရှင့်။ ရင်ခုန်စိတ်လှုပ်ရှားစရာလေးတွေနဲ့ ကြိုဆိုပါတယ်ရှင့်။
