Chapter - 86

19K 3.4K 461
                                    

#Unicode

ဖန်းဂူ မင်းယွီလက်ကိုဆွဲလျှက် ဂူအတွင်းခြေချဝင်ရောက်လာခဲ့တယ် … ထူးဆန်းတာက ဂူရဲ့အတွင်းပိုင်းဟာ သူတို့စတင်ဝင်ရောက်လာသည့် လမ်းကြောင်းထက် အစပေါင်းများစွာကျယ်ဝန်းနေသည့်အပြင် ထူးချားစွာပင် အစိမ်းရောင်နွယ်ပင်တစ်ချို့က ဂူပေါက်ဝကိုတားစီးနေသည့်အကာအရံများအလား ပေါက်ရောက်နေကြလေတယ် …

ဂူနံရံပေါ်၌ အလင်းရောင်ရရှိစေမည့် မီးအိမ်တစ်ခုချိတ်ဆွဲထားပြီး အလင်းရောင်မှိန်မှိန်လေးက သူတို့အား ဂူအတွင်းပိုင်းက အရာအားလုံးကို သဲကွဲစွာမြင်နိုင်ဖို့ အထောက်အကူပြုလျှက် …

" မင်းယွီ … ဒီမှာပဲရပ်နေ …

ကိုအထဲကိုသွားကြည့်လိုက်မယ် "

" ဟင့်အင် … အတူတူသွားမယ် "

ဖန်းဂူအဖို့ စွန့်စားဖို့ကမခက်ပေမဲ့ အထဲမှပေါ်လာမည့်အရာတွေက ကောင်းလားဆိုးလားဆိုတာ မသိနိုင်ဘူး … မင်းယွီကိုပါခေါ်သွားဖို့မဖြစ်နိုင်ပေမဲ့ ထားခဲ့ရန်လဲစိတ်မချဖြစ်နေပြန်တယ် … ထူးဆန်းတာက နွယ်ပင်တွေအဆုံး၌ နေရဲ့အလင်းရောင်ကိုမြင်နေရပြီး ဒါဟာဂူအပြင်ဝဆိုတာ ဖန်းဂူရိပ်မိလိုက်လေတယ် … ဒါဆို သူတို့က တောင်ရဲ့တဖက်ကနေ တခြားဖက်သို့ရောက်ရှိနေပြီး ဒါဟာသူတို့မသိတဲ့လျှို့ဝှက်လမ်းကြောင်းတစ်ခုများလား …

ဖန်းဂူ မင်းယွီလက်ကိုတင်းနေအောင်ဆွဲပြီး အတတ်နိုင်ဆုံး နွယ်ပင်တွေကိုရှောင်ကာဂူအဝရှိရာသို့ ရောက်လာခဲ့ကြလေတယ် … အချိန်အားဖြင့် ညနေ ၃ နာရီရှိပြီမို့ နေမင်းကြီးဟာ တောင်ထိပ်ဖြားကနေထွက်ပေါ်စပြုနေပြီး ဂူအဝသို့ အနည်းငယ် ဖြာကျနေခြင်းပင် …

မင်းယွီနဲ့ဖန်းဂူ တစ်ယောက်လက်ကိုတစ်ယောက်ချိတ်ဆွဲထားလျှက် နွယ်ပင်တွေကြားတိုးဝှေ့ရင်းဂူထဲကနေထွက်လာနိုင်ခဲ့ကြလေတယ် …

" ဒါ … ဒါက "

" …… "

ဖန်းဂူမျက်နှာကတိတ်ဆိတ်လျှက် … တောင်တန်းတွေရဲ့အလယ် လူတွေမမြင်နိုင်တဲ့နေရာမှာ ဒီလိုအဆောက်အဦးကြီးတစ်ခုရှိနေလိမ့်မယ်လို့ ဘယ်သူကထင်မိမှာလဲ … ဒီအရပ်က တောင်တန်းတွေအများအပြားတည်ရှိသလို အားလုံးဟာလဲ တစ်ဆက်တည်းရှိနေတာမျိုးမဟုတ်ပဲ တစ်လုံးနဲ့တစ်လုံးဟာ ဆက်စပ်မှုမရှိခြားနားနေပြီး တောင်ကုန်းငယ်များထူထပ်သည့်နေရာတစ်ခုလဲဖြစ်တယ် … ဒီလိုတောင်တန်းငယ်တွေရဲ့အလယ်မှာ ပုန်းကွယ်နေတဲ့ရှေးဟောင်းအဆောက်အအုံတစ်ခုကိုမြင်ရတော့ ဖန်းဂူမစူးစမ်းပဲမနေနိုင်တော့ခြေ …

Mafia Is My Alpha ( Lion ) { Completed }Where stories live. Discover now