စာစဉ် ၄ (၁-၈)
5.4K 706 19
စာစဉ် ၄၊ အခန်း ၁။ အလိုမကျတိုင်း မင်းက ငါ့ရဲ့နယ်ရုပ် (1)
ဂူယူရှန်း ပြောလိုက်တာက မကျယ်သော်လည်း သူ့ရဲ့အေးစက်စက်အသံက ဒေါသသံ စွက်နေတာကြောင့်
အခန်းထဲက လူတိုင်း သူ့စကားကို သတိထားမိသွားပြီး
လန့်သွားကြကာ အခန်းထဲ တိတ်ဆိတ်သွားတော့သည် ... သူတို့ရဲ့မျက်လုံးတွေကလည်း ဂူယူရှန်းနဲ့ လုဘန်ချန်းဆီမှာ ။
ဂူယူရှန်း ထိုအကြည့်တွေကြား စိတ်ရှုပ်လာပြီး ဆေးလိပ်ကို ပြာချလိုက်ကာ အသစ်တစ်လိပ်သောက်ဖို့ ဆေးလိပ်ဗူးကို ကြည့်လိုက်၏ ။ တစ်လိပ်မ မကျန်တော့တာမို့
ဒေါသထွက်မိပြီး သူ ထိုင်နေတဲ့ခုံကို ကန်ကာ ထလိုက်ပြီး...
“စိတ်ဝင်စားစရာ မကောင်းတဲ့ဂိမ်းပဲ”
ဂူယူရှန်းက ဖုန်းကို ယူကာ ကုတ်အင်္ကျီကို ကိုင်ပြီး
ထွက်သွားတော့ အခန်းထဲမှာလည်း
ပြန်ပြီးဆူညံလာတော့သည် ။
“ဘာတွေဖြစ်နေတာလဲ”
“သူ ဘာလို့ အဲ့လောက်တောင် ဒေါသထွက်နေတာလဲ”
“အရင်ကနဲ့မတူသလိုပဲ သူ့ပုံစံက”
မတူဘူးတဲ့လား … ။
အရင်ကနဲ့ မတူတာတော့ အမှန်ပင် ။
လွန်ခဲ့တဲ့အပတ်တည်းက ထူးဆန်းနေခဲ့ခြင်းပင် ... ။
လုဘန်ချန်းလည်း ထွက်သွားတဲ့ ဂူယူရှန်းကို
လိုက်ကြည့်နေမိသည် ။
ထို့နောက် လုဘန်ချန်း ပါတီက လူတွေကို ပြုံးပြလိုက်ပြီး ..
“သူ ဘာမှမဖြစ်ဘူး .. ကဲပါ ကျွန်တော်တို့ရဲ့ပါတီပွဲလေးကို ဆက်လိုက်ကြရအောင်”
ဂူယူရှန်းကို စောင့်နေသော ဒရိုင်ဘာ ရှောင်ဝမ်က
သူ ထွက်လာတာကို မြင်တာနဲ့ ထီးယူပြီး သွားကြိုသည် ။
ကားထဲ ပြန်ရောက်လာကြတော့ ...
“ဘယ်ကို သွားမလဲ ဆရာ”
ဂူယူရှန်း မိုးသည်းနေတဲ့အပြင်ဘက်ကို ကြည့်ရင်း အတွေးနယ်ချဲ့နေမိ၏ ။
ရှောင်ဝမ်သည် သူ စကားပြောချင်စိတ်မရှိတာကို ရိပ်မိတာမို့ မမေးတော့ပဲ ကားထွက်လာခဲ့‌တော့သည် ။
မိုးတွေ အရမ်းရွာနေတာကြောင့် မြင်ကွင်းတွေကလည်း ‌
ေ၀၀ါးနေရပြီး ကားကိုလည်း ဖြေးးဖြေးလေး
မောင်းနေရသည် ။
သူတို့ ကုမ္ပဏီနား ရောက်လာချိန်မှာတော့ ရှောင်ဝမ်
ထပ်မေးလိုက်၏ ။