
25K 2.2K 282
                                    

Unicode

အပိုင်း(၈)

မောင့် လုပ်ရပ်တွေ လွန်လာပြီ။

ကိုကို ပြန်သွားသည်နှင့် လွန်းငယ် အခန်းတံခါးလော့ချကာ ကုတင်ပေါ် ခွေနေလိုက်သည်။ သူ တော်တော်လေး ပင်ပန်းနေပြီ။ ပေါက်စီလေးအားလည်း သူ၏ ပုံစံကို မမြင်စေချင်သောကြောင့် အခန်းတံခါးပိတ်ထားလိုက်ခြင်း ဖြစ်သည်။

ကုတင်ပေါ် လှဲကာ ထိုင်တွေးနေရင်း ယခင်က မောင်နှင့် ချစ်သူဖြစ်ခဲ့ချိန်များသည် ရုပ်ရှင်ဇာတ်ကွက်များအလား မျက်လုံးထဲပေါ်လာလေသည်။

*****************

"မောင် လွန်းငယ်တို့ ခုလို လူကြားထဲ လက်တွဲသွားနေတာ ဖြစ်ပါ့မလား...မောင်က လုပ်ငန်းရှင် တစ်ယောက်လေ"

မောင်က နူးညံ့သော မျက်ဝန်းများဖြင့် သူ့အား ကြည့်လာ၏။ လက်ညိုးလေးဖြင့် နှာခေါင်းအား ထိလိုက်သောကြောင့် လွန်းငယ် ဇက်ပုသွားရ၏။

"လွန်းငယ်က မောင့်ချစ်သူလေ...ဘာလို့ လက်တွဲသွားလို့ မဖြစ်ရမှာလဲ"

လက်တွဲထားရာမှ မောင်၏ လက်အား ဖက်တွယ်လိုက်ပြီး မောင့်ကိုယ်အား အနည်းငယ် မှီတွယ်လိုက်သည်။ မောင်သည် သူ၏ အားကိုးရာပင်။

"လွန်းငယ်တွက် ဆရာ့ကို မောင် ခွင့်တိုင်ပေးလို့ ခုလိုထွက်လည်လို့ရတာ...မဟုတ်ရင် လွန်းငယ် ဘယ်မှ သွားလို့ရမှာ မဟုတ်ဘူး...ကျေးဇူးပါ မောင်...အိမ်ကကားလာမကြိုခင် အမှီတော့ သင်တန်းရှေ့ပြန်ရမှာနော်"

"မောင် မမေ့ပါဘူး လွန်းငယ်...လွန်းငယ်နဲ့ ပတ်သတ်သမျှ မောင် အကုန်မှတ်ထားတယ်"

ချစ်သူဆီက ထိုသို့စကားများကြားလျှင် မည်သူမဆို ပျော်ရွှင်တတ်သည်မှာ သဘာဝပင်။ လွန်းငယ်သည်လည်း ပျော်ရွှင်ခဲ့ဖူးသည်။

"မောင် ဆရာ့ကို ဘယ်လို ခွင့်တိုင်လိုက်လဲဟင်...ကိုကိုက ဆရာ့ကို သေချာအပ်ထားတော့ မရမှာ ကြောက်နေတာ"

"မောင့် ကုမ္ပဏီအင်တာဗျူးဖြေဖို့လို့ ခွင့်တိုင်လိုက်တာ...တကယ် အရည်အချင်းရှိတဲ့ ကောင်လေးမို့ ပျိုးထောင်ပေးမလို့ဆိုပြီး...ဆရာက မောင့်ကို အရမ်းယုံကြည်တယ်လေ...သူ့တပည့်ကောင်းကျိုးအတွက်ကို ဘယ်ငြင်းမှာလဲ"

စေရာ(Complete)Where stories live. Discover now