Part(7).အေပးယူ🤓🍄

26.9K 1.2K 0
                                    

Unicode( Zawgyi အောက်တွင်ရေးသားထားပါသည်) 😍

ရိဖန် စောစော ထကာ.. အမေ့နှစ်ပတ်လည်မို့. . .. . နယ်ကိုလဲမပြန်ချင် သို့ကြောင့်
မြို့လယ်က ဘုရားကျောင်းကြီးကို သွား၍

အမေ့ကိုဂါဝရပြုပြီး ဆုတောင်းပေးလိုက်သည်..

မပြန်သေးပဲ ဘုရားကျောင်းထောင့်လေးတွင် ထိုင်၍ အမေ့အကြောင်း သတိရလာသည် ...
ရိဖန်အမေမှာ ရိဖန် ၈ နှစ်ကတည်းဆုံးပါးသွားပြီး..ရိဖန်အဖေမှာ ရိဖန်ကို ကုပ်ကပ်ကာကျောင်းထားပေးသည်.. အထက်တန်းအောင်သော် ရိဖန်အဖေ ေနာက်အိမ်ထောင်ပြုကာ.. ပေကျင်းက အသိဦးလေးအဆက်သွယ် ဖြင့် သတင်းစာတိုက်တွင် ပင်ပန်းစွာအလုပ်လုပ်ခဲ့ရသည်.....
ဝါသနာက သတင်းထောက် ဖြစ်ချင်သော်လည်း..သတင်းစုဆောင်းသူ အဆင့်သာရသေးတယ်.. သတင်းစုဆောင်းပြီး မကောင်းတဲ့သူတွေရဲ့ နောက်ကွယ်ကလုပ်ရပ်တွေကို ဖော်ထုတ်ပြီး.အားနည်းသူတွေကို ကူညီပေးချင်သည်. သတင်းရှာဖို့က မလွယ်လှပေ .
အတွေ့အကြုံနည်း၍ လည်းကောင်း.. ပံ့ပိုးပေးမည့်သူ့ကလည်းမရှိပေ...
အချိန်အတော် လင့်လာကာ.. interview ကိစ္စကလည်း လုပ်ရအုံးမည်..
ခေါင်းအောက်စိုက်၍.. လျှောက်လာလိုက်တာ... အရှေ့က လူကိုပင်မမြင်ပေ...
" အ့ "

!ခလွမ်း!

"အာ "

ထိုလူကိုင်လာသော လက်ထဲမှာ ကြွေအိုးလေးကျကွဲသွားသည်

" အာ ..တောင်းပန်ပါတယ် ..အစ်ကို. ကျွန်တော် မကြည့်မိလိုက်လို့ပါ... တောင်းပန်ပါတယ်. ပြန်လျော်ပေးပါရစေ " .

အရပ်မောင်းကောင်းကောင်း ရင်အုပ်ကျယ်ကျယ် မျက်လုံးနက်နက်နှင့် ထိုလူမှာ ရ်ိဖန်ကို ပြုံးပြလိုက်ကာ

" ရပါတယ် ..ညီလေး သူငယ်ချင်းလက်ဆောင်ပေးလို့ ယူလာတာ .. "

" အ.အားနာလိုက်တာဗျာ လပ်ဆောင်ရခဲ့တာကို.. ပြန်ဝယ်ပေးပါ့မယ်. "

"ရပါတယ် ကားပေါ်မှာ ထားခဲ့ဖို့မေ့နေတာနဲ့. ဘုရားကျောင်းထဲ ယူလာမိတာ " .

" မဟုတ်တာ.. ဒီနားမှာက.. ARN.. ဟော်တယ်

# ( hotel နဲ့ ကုန်တိုက်..စားသောက်ဆိုင်..အန်းထျန်းလော့ အပိုင်).#

ရူးသွပ်စေနိုင်သောအချစ်(HOT LOVE)♥completed🔞Where stories live. Discover now