Chapter - 13.4.2

4.2K 545 13
                                    

လူ့ကျင့်ဝတ်(စာရိတ္တ)ကိုသိတတ်သော လူတွေရဲ့တွန်းအားပေးမှုအောက်မှာ...ဒီမတော်တဆမှုက လူ့အသိုင်းဝိုင်းနယ်ပယ်ထဲမှာ အရမ်းကိုမသတီစရာကောင်းသွားစေတယ်။ အင်တာနက်မှာတော့ ချမ်းသာတဲ့ဒုတိယမျိုးဆက်တွေကို အပြစ်ပေးဖို့ ပြင်းထန်တဲ့အုံကြွမှုတွေက ဖုံးလွှမ်းနေတယ်...ဒီတော့ ရဲတွေသာ ဘက်လိုက်တဲ့အရိပ်အယောင်နဲနဲလေး ပြလိုက်မယ်ဆိုရင် ပြည်သူလုထုတွေကနေပြီး သူတို့ကို အလွဲသုံးစားလုပ်မှုနဲ့စစ်ကြောကြလိုက်မယ်။ စကပ်အနီရောင်အမျိုးသမီးက မီဒီယာမှာ အင်တာဗျူ းတော့ သူမက အဲ့အချိန်တုန်းက နာကျင်ခဲ့ရတဲ့အဖြစ်အပျက်တွေကို ထင်ထင်ရှားရှားဖော်ပြခဲ့တဲ့အတွက် ပြည်သူလုထုရဲ့ဒေါသမီးပုံကြီးကို ပိုပြီးကြီးထွားလာစေခဲ့သည်။

ကျိုးယွင်ရှန့်ကို အပြစ်သားတစ်ယောက်အနေနဲ့ ထိန်းသိမ်းထားတာတော့ အံ့သြစရာမရှိပါဖူး... ဒီရက်ပိုင်းမှာပဲ ကျိုးမေမေက သူ့ကိုလာတွေ့ခဲ့တယ်...သူမ အထဲကို စိုးရိမ်တုန်လှုပ်တဲ့အမူအရာနဲ့ဝင်သွားခဲ့ပေမယ့် အရမ်းကိုတည်ငြိမ်တဲ့ အမူအရာနဲ့ပြန်ထွက်လာခဲ့သည်။ သူမက ဥပဒေကိုချိုးဖောက်တဲ့အပြုအမူတွေ မလုပ်ခဲ့ဖူး...အမျိုးသမီးကိုလည်း ကျေအေးပေးဖို့သီးသန့် မဆွေးနွေးခဲ့သလို စုံစမ်းစစ်ဆေးသူတွေလည်း လာဘ်ထိုးဖို့မကြိုးစားခဲ့ဖူး။

သတင်းတွေက 'ကျိုး'နည်းပညာကို သက်ရောက်မှုဖြစ်စေခဲ့ပြီး စတော့ဈေးလဲ ထိုးဆင်းသွားသည်။ ဆက်တိုက်ဆိုသလို အဓိကရှယ်ယာရှင်တွေက နုတ်ထွက်သွားပြီး ကုမ္ပဏီအသစ်တစ်ခုကို ရှာတွေခဲ့တယ်...ပြီးတော့ မုန့်ဝမ်အပါအဝင် R & D ဌာနက အထက်ပိုင်းအလုပ်သမားတွေအားလုံး အကောင်ကြီးကြီးကို ရှာဖွေကြတော့သည်။

ဖန်းကျစ်ဖေးရဲ့ကုမ္ပဏီနဲ့ ချိတ်ဆက်မိကြပြီး ကုမ္ပဏီ၏အဓိကရှယ်ယာရှင်တွေရဲ့မိတ်ဖက်ဖြစ်လာတယ်...ပြီးတော့ သူက 'ကျိုး'ရဲ့ငွေအစုလိုက် ပြတ်လပ်မှုကို အခွင့်ကောင်းယူပြီး ဂိမ်း၏မူပိုင်ခွင့်ကို ဝယ်ယူဖို့ အကြံပြုသည်။

စတော့တွေ အဆုံးစွန်ထိကျဆင်းသွားသလို စွမ်းရည်ရှိသူအားလုံးကလည်း အရှာဖွေထွက်သွားကြပြီး ပင်ရင်းနည်းပညာနဲ့ဖောက်သည်များကိုလည်း အဝေးကလုယူသွားကြပြီ...တချက်တွန်းလိုက်တာနက် 'ကျိုး'ဟာ ပြိုလဲသွားမှာပါ။ မြို့တော်က သိပ်ပြီးအားစိုက်မလိုပါပဲ 'ကျိုး' ဒေဝါလီခံရဖို့ ရင်ဆိုင်ရတော့မယ်။ ကျိုးမေမေက ရက်အနည်းငယ်အတွင်းမှာပဲ အခြေအနေတွေကို သဘောပေါက်သွားပြီး ဂိမ်းရဲ့မူပိုင်ခွင့်ကို ရောင်းချရန် ဆုံးဖြတ်လိုက်တယ်...ဒါပေမယ့် သူမက မိုးထိမြင့်မားတဲ့ တန်ဖိုးကြေးငွေ သန်း50 သတ်မှတ်လိုက်တဲ့အခါမှာတော့ အတွင်းဓားပြ ဖန်းကျစ်ဖေးတစ်ယောက် ဒေါသတွေပေါက်ကွဲထွက်သွားသည်။

ကလဲ့စား FOD- Arc13[မြန်မာဘာသာပြန်](Completed)Where stories live. Discover now