Chapter - 13.5.1

4.2K 536 6
                                    

သက်သေအထောက်အထားအသစ်အတွေ ပေါ်လာတဲ့ အခြေအနေမှာ စုံထောက်တွေဟာ သူတို့စုဆောင်းမိသမျှ သဲလွန်စတွေကို အတူစုပေါင်းလိုက်တယ်...စုံစမ်းစစ်ဆေးခြင်းကို ပြန်လည်စတင်လိုက်ပြီးနောက် သူတို့က ခံရသူ(ဒုက္ခသည်)ကို မေးခွန်းတွေထပ်မေးဖို့ ဆင့်ခေါ်ကြသည်။

အစပိုင်းမှာ စကပ်အနီရောင်ဝတ်ထားတဲ့အမျိုးသမီးက သနားစရာဇာတ်ရုပ်လေးကို ဆက်လက်ပြီးကပြနေခဲ့တယ်...တရှုံ့ရှုံ့ငိုရင်း ကျိုးသခင်လေးရဲ့ယုတ်မာမှုတွေကို ဖော်ပြနေခဲ့တယ်...ဒီတော့ ရဲက ဆေးမှတ်တမ်းထုတ်ယူပြလာတဲ့အချိန်မှာ သူမ ကျောက်ရုပ်တစ်ရုပ်လို တောင့်ခဲသွားသည်။ သူမဘဝအပေါ် ဒီဟာကမူတည်နေပေမယ့် ကျိူ းယွင်ရှန့်က ပန်းသေလိမ့်မယ်လို့ သူမ,မမျှော်လင့်ထားဖူး...ဒါဆို သူက ဘာကြောင့်များ မိန်းမတွေအများကြီးနဲ့ ကစားခဲ့တာလဲ?

သူမ မုဒိမ်းအကျင့်ခံခဲ့ရတာက သူမအလုပ်ရှင်ရဲ့ညွှန်ကြားချက်ကြောင့်မို့ သူမရွေးချယ်စရာမရှိခဲ့ဖူး...ဒါပေမယ့် ဒါကလူထုကို အုံကြွသွားစေခဲ့တယ်။ ကျိူ းမေမေက ပိုက်ဆံပေးပြီး ကျေအေးပေးဖို့ သူမနဲ့သီးသန့်လာဆွေးနွေးလိမ့်မည်ဟု အလုပ်ရှင်က သူမကိုပြောခဲ့ပါသေးတယ်...သူမ မြို့ကထွက်သွားဖို့ ပိုက်ဆံတွေကို ယူဖို့လိုအပ်ပါတယ်...အဲ့ဒီနောက်မှာတော့ တရားရုံးကနေပြီး နောက်ဆုံး ငွေပေးလျော်မှုကို ကြားလိုက်ရပါတော့သည်။

ဒါပေမယ့် ကျိူ းမေမေက တခါမှသူမအိမ်ကို မလာခဲ့ဖူး။ သူမက ပြင်းထန်တဲ့ပြစ်မှုကျူ းလွန်ခံရသူ ဖြစ်ခဲ့ပေမယ့်လည်း လျော်ကြေးငွေအနေနက် ဒေါ်လာ 50,000 ပေးချေမှုနဲ့သာ လတ်မှတ်ထိုးပြီးရခဲ့လိုက်တယ်...အဲ့နောက်လက်ရှိမှာတော့ သူမဟာ အိမ်နီးနားချင်းတွေနဲ့ လုပ်ဖော်ကိုင်ဖက်တွေရဲ့ တီးတိုးလက်ညိုးထိုးမှုကိုသာ ခံစားနေရတော့တယ်။ စိတ်ပိုင်းဆိုင်ရာဒဏ်တွေက တစ်နေ့တစ်ခြားကြီးထွားလာတယ်...သူမရဲ့စိတ်အခြေအနေက အချိန်မရွေးပေါက်ကွဲခါနီး တဲတဲလေးသာရှိတော့တယ်။

အဲ့ဒီနောက် ရဲစခန်းက သူမကိုဆင့်ခေါ်လာတယ်...သူမ စီရင်ချက်ချခံရမှာကို တုန်လှုပ်မိတယ်။ ဆေးမှတ်တမ်းကိုလည်း မြင်လိုက်ရရော သူမ ပြိုလဲသွားခဲ့သည်။ Fairy Water လို ပြင်းထန်တဲ့ဆေးမျိုးခတ်တာကို ကျိုးယွင်ရှန့် နဲနဲလေးတောင် တုံ့ပြန်မှုမရှိတာ မအံ့သြတော့ပါဖူး...သူက ပန်းသေနေတာကို! အခုတော့ ဘာ? သူမရဲ့ဖြောင့်ချက်ကို ပြန်ပြောင်းရမယ်မလား...ဟုတ်တယ်...ဖြောင့်ချက် ပြောင်းရမယ်!

ကလဲ့စား FOD- Arc13[မြန်မာဘာသာပြန်](Completed)Where stories live. Discover now