Chpater - 13.5.2

4.4K 517 6
                                    

ဖန်းခွန်ဖိန် ခရီးဆောင်လက်ဆွဲသေတ္တာကို သယ်ပြီး အောက်ဆင်းလာတော့ လူတစ်ယောက်ကို ရိပ်ခနဲမြင်လိုက်ရတယ်...သေချာကြည့်လိုက်တော့ ရီကျန့်မှန်းသိသွားတဲ့တခဏ ကြောင်အန်းသွားသည်။ ရီကျန့် မျက်နှာကြီးက လတ်တလောမှာ ဖော်ပြခံရမှု အများဆုံးဖြစ်နေတယ်...တရုတ်ပြည်က လူတော်တော်များဟာလည်း သူနဲ့အတူစီးပွားရေးလုပ်ကိုင်ချင်နေကြသည်။ လွန်ခဲ့သောရက်တွေက သူ့သားတောင်မှ ရီကျန့်နဲ့တွေ့ချင်ကြောင်း ပြောသေးတယ်...ပရောဂျက်တခု အတူလုပ်ကိုင်ရဖို့ မျှော်လင့်မိနေတယ်တဲ့။

"မစ္စတာရီ?" သူ ဟုတ်မဟုတ် အကဲစမ်း ခေါ်ကြည့်တယ်။

ရီကျန့်က စိတ်မပါတပါဖြင့် သူ့ကို တချက်ပဲ လှည့်ကြည့်တယ်။

"ခင်ဗျား ဘာလို့ ဒီမှာ ရှိနေသေးတာလဲ? ကျနော် လုံခြုံရေး ခေါ်ရမလား?" ကျိုးယွင်ရှန့်က မထိတထိ ပျက်ရယ်ပြုတယ်။

ဖန်းခွန်းဖိန် သတိပြန်လည်သွားပြီး ရီကျန့်ကို ခေါင်းညိတ်နှုတ်ဆက်ပြတယ်...အဲ့နောက် တံခါးတွန်းဖွင့်လိုက်တဲ့အခါ ရေပန်းဘေးမှာ ပါကင်ထိုးထားတဲ့ အနက်ရောင်ဇိမ်ခံကားနဲ့ သက်တော်စောင့် အချို့ကို တွေ့လိုက်ရတယ်...ဒါက ရီကျန့်ဖြစ်ကြောင်း ပိုသေချာသွားစေသည်။

# ကျိုးယွင်ရှန့်နဲ့ ရီကျန့်ကြားမှာ ဘယ်လိုဆက်ဆံရေးမျိုးရှိနေလဲ? ရီအုပ်စုက 'ကျိုး'ကို ကူညီပေးမလို့များလား? သူတို့တွေ သူ့သားကို လက်စားချေတော့မှာလား? #

တစ်ခါတွေးပြီးသွားတာနက် ဖန်းခွန်းဖိန်ရဲ့ စိတ်တွေ နောက်တခါ ချာချာလည်သွားပြန်တယ်...ချက်ချင်းပဲ သူ့ဆဲလ်ဖုန်းထုတ်ကာ သူ့သားကို ဖုန်းခေါ်လိုက်သည်။

ကျိုးယွင်ရှန့် ခဏထိုင်နေသေးတယ်...နောက်တော့ သူဒီထက်ပို ကြာကြာအောင့်အည်းမထားနိုင်တော့ဖူး; မီးဖိုးချောင်နား သူ အပြေးလေးသွားပြီးတော့ သူ့မားမားကို လှမ်းပြောတယ် , "မားမား...ကျနော် ရီကျန့်နဲ့ပြောစရာရှိသေးတယ်...ကျနော်တို့ ပြီးရင် အောက်ပြန်ဆင်း လာခဲ့မယ်လေနော်!"

(Kiley - ရှန့်လေး ဘာပြီးရင်လဲဟင် 😑)

"ပြီးရော..သွား သွား. မားမားလည်း ကောင်မလေးတွေကို တချို့ဟာတွေ သွားဝယ်ခိုင်းထားသေးတယ်. မစ္စတာရီ...ဒီနေ့ အန်တီတို့ဆီမှာ ညစာစားသွားနော်!"

ကလဲ့စား FOD- Arc13[မြန်မာဘာသာပြန်](Completed)Where stories live. Discover now