Chapter - 13.6.1

4.2K 533 2
                                    

ဗလတောင့်တောင့် အမျိုးသားကြီးနှစ်ယောက်က ထွက်ပြေး တိမ်းရှောင်နေတာကြောင့် အမှုဟာ စုံစမ်းစစ်ဆေးရေးကာလထဲမှာပဲ ရှိပါသေးသည်။ မုန့်ဝမ်ကိုတော့ ရဲစခန်းမှာ ခေတ္တယာယီ ထိန်းသိမ်းထားလျက်ရှိပြီးတော့ တရားခံပြေးတွေကို ဖမ်းမိပြီဆိုတာနက် သူမရဲ့ ပြစ်မှုဆိုင်ရာအတွက် ချက်ချင်း ခုံရုံးတင်ခံရမှာပဲဖြစ်၏။ သို့သော်ငြား သူတို့တတွေက ထိုတရားခံပြေးနှစ်ယောက်အား ပြစ်မှုဆိုင်ရာလုပ်ထုံးလုပ်နည်းအရ 37 ရက်အတွင်း ဖမ်းမမိခဲ့ဖူးဆိုရင်...သူမက တရားရင်ဆိုင်နေရမြဲ ဖြစ်ပေမယ့်လည်း တရားရုံးကနေ သူမကို စွဲချက်တင်ဖို့ရာအတွက် သက်သေအထောက်အထားကတော့ဖြင့် ပြည့်စုံခြင်း ရှိလာမှာမဟုတ်ပါဖူး။

ဒါပေမယ့် သက်သေအထောက်အထား ပြည့်စုံခြင်းမရှိတာကို အရေးထားနေစရာမလိုတော့ပါဖူး...မုန့်ဝမ်က ပြစ်မှုကျူ းလွန်ကြောင်း ကိုယ်တိုင်ကိုယ်ကျ ဝန်ခံခဲ့ပြီးဖြစ်တာကြောင့်မို့ ပြစ်ဒဏ်ကြီးကျူ းလွန်သူလိုပဲ ရာစုနှစ်တခုစာ (or) ဒီထက်ပိုတဲ့ ထောင်ဒဏ်ကျသင့်မှာတော့ သေချာနေပါပြီ။ မုန့်ဝမ်က ဥပဒေအကြောင်းနားမလည်တဲ့ လူပိန်းတစ်ယောက်တော့ မဟုတ်ခဲ့ပါ...ဒါပေမယ့် သူမဟာ ဖန်းကျစ်ဖေးရဲ့အစီအစဉ်ကို အလွန်အမင်း ယုံကြည်လွန်းပြီးတော့ ကျိုးယွင်ရှန့်ကို အထင်သေးလွန်းအားကြီးတာတဲ့အခါ အဲ့မှာတင် သူမ ငါးပါးမှောက်တော့တာပါပဲ။

သူမ အမြဲတမ်းတွေးမိတာက ကျိုးယွင်ရှန့်ဆိုသည်မှာ ပိုက်ဆံ ဘယ်လိုဖြုန်းရမလဲပဲသိတဲ့ သူဌေးသားငပိန်းလေးရယ်ပေါ့...အစာလေးနဲ့မျှားလိုက်တာနက် အလွယ်တကူ ချိတ်ပါလာမယ့် သူရယ်ပေါ့...နောက်ဆုံး တကယ်ချိတ်ပါမိသူဟာ သူမကိုယ်တိုင် ဖြစ်သွားလိမ့်မယ်လို့တော့ တခါမှမထင်ထားခဲ့မိဖူး။

ဒီရက်အတောအတွင်း ထောင်အထဲရှိ အမျိုးသမီးအကျဉ်းသားတွေကနေပြီး သူမရဲ့အရေပြားနေရာမလပ် ပြင်းပြင်းထန်ထန် ရိုက်နှက်ခြင်းကို ခံရသည်။ သူတို့တွေဟာ သူမကို အတောမသတ်နိုင်အောင် ညှင်းဆဲနှိပ်စက်ကြသည့်အပြင် သူမအပေါ် တံတွေးဖြင့်ထွေးကာ ဆဲဆိုကြိမ်းမောင်းကြသေးတယ်...သူမ၏ပုံပန်းသွင်ပြင်ဟာ ယဉ်ကျေးလိမ်မာပြီး အားနည်းတဲ့ပုံပေါက်တာကြောင့် သူမက သူတို့တွေရဲ့ မကျေနပ်နာကြည်းချက်မှုတွေ ဖွင့်ထုတ်ရာ ပစ္စည်းတစ်ခုဖြစ်လို့လာသည်။ ရံဖန်ရံခါတွင် သူတို့ဟာ သူမရဲ့အဝတ်အစားတွေကို ဆွဲချွတ်ကြပြီးတော့ ထောင်အတွင်းမှာ ခွေးတစ်ကောင်လို လေးဖက်ထောက်ကာ သွားခိုင်းသေးတယ်...ကြမ်းပြင်ပေါ်က ရှူ းပေါက်တဲ့နေရာကိုတောင်မှ သူမကို လျှာဖြင့်လျက်ကာ သန့်ရှင်းလုပ်ခိုင်းသေးသည်။

ကလဲ့စား FOD- Arc13[မြန်မာဘာသာပြန်](Completed)Where stories live. Discover now