Chapter - 13.7.4

3.6K 455 2
                                    

စစ်ဆေးရေးအခန်းထဲ၌ ... စုံစမ်းရေးများရဲ့ မီးတောက်မျက်လုံးနဲ့ အေးစက်စက်မျက်နှာက အကြည့်များကို ရင်ဆိုင်၍ ... ဖန်းကျစ်ဖေးတစ်ယောက် ခြောက်ကပ်ကပ်နိုင်စွာ ပြောလေ၏၊ "ရဲအရာရှိကြီးတို့ ... ကျနော် ဘာပြစ်မှုမျိုး ကျူ းလွန်မိလို့လဲခင်ဗျ?"

စစ်ဆေးရေးခန်းတွင်း တာဝန်ကျသူတွေကတော့ ရှန့်တုန်းက ရဲနှစ်ယောက်ဖြစ်တဲ့ ရဲအိုကြီးနှင့်ရဲငယ်လေးပင်ဖြစ်၏။ စုံထောက်ငယ်က သက်သေခံအိတ်ထဲက ထုတ်ပိုးထားသည့် လက်ပ်တော့တစ်ခုအား ထုတ်လာပြီး အမေးပြုသည်။ "ဒါဘာလဲဆိုတာ ခင်ဗျားသိတယ်ဟုတ်?"

"ဟုတ်ကဲ့ ... အဲ့တာ ကျနော့် လက်ပ်တော့ပါ"

"ဒါဆိုရင် ... ဒါလေးကရော ဘာလဲဆိုတာ ကျနော်တို့ကို ရှင်းပါအုံး" အဲ့သလိုပြောပြီးနောက် စုံထောက်ငယ်က လက်ပ်တော့ကို ဖွင့်ပြီး ဘဏ္ဍငွေစာရင်းဖိုင်ထဲက ဖျောက်ထားသည့် ဗီဒီယိုတစ်ခုကို ဆွဲထုတ်ကာ ဖွင့်ပြလေသည်။

ဖန်းကျစ်ဖေး ကြည့်နေရင်း သူ့မျက်ခုံးအစုံတွန့်ကုတ်သွား၍ သူမျက်နှာက ရုတ်ချည်း ဖြူ လျော်သွားလေ၏။ ၎င်းက မုဒိန်းအကျင့်ခံရသည်ဆိုတဲ့ စကပ်အနီဝတ်အမျိုးသမီးက ကျိုးယွင်ရှန့်ကို ဆေးခတ်ပြီး သတိလစ်နေတုန်း သူမအခန်းထဲဆွဲသွင်းထားတာရယ် ... မုန့်ဝမ်ကိုဖုန်းပြောထားတာရယ် ... ပြီးတော့ ယောကျ်ားကြီးနှစ်ယောက် အခန်းထဲဝင်လာပြီး သူမကို rape သွားတာရယ်တို့်ကို ရိုက်ကူးထားတဲ့ဗီဒီယိုဖြစ်လေသည်။ အဖြစ်အပျက်တိုင်းလိုလိုက ပြတ်ပြတ်သားသားကြီးပါပေ။

"ဒီလက်ပ်တော့က ကျနော်နဲ့ ကျနော့်ကောင်မလေးတို့ မျှသုံးကြတာပါ. ဒီထဲမှာ အဲ့ video ရှိမှန်းတောင် ကျနော်မသိဘူး" ဖန်းကျစ်ဖေးမျက်နှာဝယ် အံ့သြဖူးတို့ဖြင့်ပေ ... သို့ပေမယ့် ဗီဒီယိုရဲ့ အောက်နား ဘယ်ဘက်ထောင့်စွန်းတွင် တစ်စုံတစ်ရာကို မြင်မိလိုက်သည်။ သေးခံဝတ်လေးဖြင့် 6 လသားအရွယ်ကလေးတစ်ယောက် ပေါ်လာ၏ ... ပြီးတော့ ရေသေနတ်လေးဖြင့် ရွှတ်ရွှတ်ဆိုပြီး နှစ်ခါလောက်ပစ်ပြီးနောက် ပျောက်သွားလေသည်။

သူ ရန့်သူထောက်ချောက်အတွင်း ထပ်ပြီး သက်ဆင်းမိပြီဆိုတာကို ချက်ချင်းရိပ်မိလိုက်သည်၊ ဒီတစ်ခေါက်အခြေအနေက ပိုပြီးတောင် အန္တရာယ်များလှ၏။ သူ့မျက်နှာက အံ့သြနေရာမှ ကြောက်လန့်တကြီးဖြစ်သွားလေ၏ ... ခေါင်းမီးတောက်လောင်သွားလျက် ခုခံကာကွယ်လေတော့သည်။ "ဒီ video က ကျနော်နဲ့ ဘာမှမဆိုင်ဘူးနော်! မုန့်ဝမ်ဒီထဲ ဘာတွေထည့်ထားမှန်းတောင် ကျနော်မသိပါဘူး! အ .. မယုံစစ်ကြည့်ပါ ... ဒီလက်ပ်တော့မှာ ကျနော့်လက်ဗွေရာထက် မုန့်ဝမ်ဟာ ပိုများပါတယ်! သူက ဒီဇိုင်းရေးဆွဲသူလေ ... သူက ဒီဟာကို အမြဲတမ်း ကျနော့်ထက် အသုံးများတယ်ဗျ"

ကလဲ့စား FOD- Arc13[မြန်မာဘာသာပြန်](Completed)Where stories live. Discover now