Part 30 ( အသည်းကွဲသမားနဲ့အတူ သေရည်သောက်ခြင်း)

2.2K 352 15
                                    

အပိုင်း ၃၀ ( အသည်းကွဲသမားနဲ့အတူ သေရည်သောက်ခြင်း)

" ဦးလေးကြီး....ဦးလေးကြီး...မူးနေပြီလား။"

သေရည်အိုး ၇အိုး ၈အိုးခန့်က စားပွဲပေါ်တွင် နေရာအနှံ့ ပြန့်ကျဲကာနေရာယူနေကြသည်။ ချင်းယာက သူမ၏မျက်လုံးများကို မှေးစင်းထားလျက်ပင် သူမရှေ့တွင် မှောက်ကာအိပ်နေသော ကျီချန်း၏ ပုခုံးအား ကြာပွတ်၏ လက်ကိုင်ရိုးဖြင့် လှမ်းတို့ရင်းမေး၏။ သုံးလေးချက် ကြာပွတ်လက်ကိုင်ဖြင့် လှူပ်နှိုးတော့မှ ကျီချန်းက ချက်ချင်းကောက်ထလိုက်ရင်း

"ဟမ်....ဟင့်အင်း မမူးသေးဘူး။"

ကျီချန်းက ယောင်နိုးနိုးပြောရင်း သူ့ရှေ့ရှိသေရည်အနည်းငယ်ကျန်နေသေးသော သေရည်ခွက်အားယူကာ ထပ်မံမော့ချလိုက်သည်။ သေရည်ကို မြိုချလိုက်ရင်း သက်ပြင်းတစ်ချက်ချသည်။ ချင်းယာကလည်း မူးနေပုံရပြီး သူမက စားပွဲပေါ်တွင်လက်တင်ကာ မေးထောက်ထားပြီး လမ်းမဘက်ကိုကြည့်နေသည်။ ကျီချန်းက တောင့်တောင့်ကြီးထိုင်နေပြီး ကုန်သွားပြီဖြစ်သောသေရည်ခွက်ကိုကြည့်ကာ ရုတ်တရက်ပြုံးလာသည်။

"အရင်ကလည်း ချီရှန်းနဲ့ ဒီလိုပြိုင်သောက်ဖူးတယ်။ အဲ့ဒီတုန်းကလည်း တကယ်ပျော်ဖိူ​ကောင်းခဲ့တယ်ထင်တာပဲ။

အမှတ်တရတွေက ဘယ်တော့မှနောက်တကြိမ် ပြန်ရမလာနိုင်တော့သလိုပဲ....ငါတို့ရဲ့အချိန်တွေဟာလည်း တဖြည်းဖြည်းချင်း ရွေ့လျားနေကြတယ်။

ပြန်မရနိုင်တဲ့ ခင်မင်မှူတွေရှိသလို၊ ကိုယ်နဲ့မထိုက်တန်လို့ လေနဲ့အတူလွင့်ပါသွားတဲ့ အချစ်တွေလည်းရှိတယ်။"

ကျီချန်းက သေရည်ခွက်ကို ပြောင်းပြန်မှောက်လိုက်ရင်း အာလေးလျှာလေးသံဖြင့်ပြောနေသည်။ ချင်းယာက သူ့ဘက်သို့ပြန်လှည့်ကြည့်လိုက်ရင်း

" တစ်ခါလေးအငြင်းခံရတာကို တသက်လုံးခံစားလို့မပြီးနိုင်သေးဘူးလား ဦးလေးကြီး။ ဖြစ်နိုင်ရင် မေ့ပစ်လိုက်စမ်းပါ။ ဟိုက သူများရဲ့လူဖြစ်နေပြီဟာကို။"

ချင်းယာ၏ပြတ်သားသော အသံကြောင့် ကျီချန်းကရုတ်တရက် မျက်လုံးများကိုပြူးလျက် ချင်းယာကိုလှမ်းကြည့်လိုက်သည်။ ချင်းယာက မေးမော့ပြလျက်

LOVE, BUT HURT (Season 3)_ The Last Begin_[Completed] Where stories live. Discover now