.Zawgyi
'' အစ်ကို ကျူးကျီရှန့်... ဒီကိုလာတာလား. "
." အာ.. မဟုတ်... ဒီနားက ဖြတ်သွားရင်းနဲ့..ရိဖန်နဲ့တူပါတယ်လို့.. သေချာကြည့်လိုက်တော့ ရိဖန်ဖြစ်နေတာကိုး..ဟ..ဟ.." .
" ဒါ ကျွန်တော့် သူငယ်ချင်း ချင်ဖေပါ"
"ဪ.ဒါနဲ့ အရင်က တွေ့ဖူးသနေသလိုပဲ "
ချင်ဖေ ကျူးကျီရှန့်. ကို အရင်က တွေ့ဘူးသည်.."..တွေ့ရတာဂမ်းသားပါတယ်.. .. သတင်းထောက်ဆိုတော့ ကျွန်တော့်ကို မြင်ဖူးတာ မဆန်းပါဘူးလေ.. အရင်က.. Kyu..center ပိုင်ရှင် ဖြစ်ခဲ့ဖူးပါတယ်.."
" ဪ သိပြီ သိပြီ... ကျူးသူဌေးကိုး.. အဲ ခုတော့...ပျောက်နေလိုက်တာ.. အရင်က အင်တာဗျူး ဖို့ ကျွန်တော်သတင်းစာက ကမ်းလှမ်းဖူးပါတယ်.. ဒါပေမယ့် မအားလို့ လက်မခံဘူး.. "
'' တကယ် စိတ်မကောင်းစရာပဲ.. ခုတော့ အားနေပေမယ့်..အဟမ်း..''
ရိဖန် သဘောပေါက်သွားကာ.. အရင်က ကြားဖူးမိသား..
" ဟို.. အခုလည်း အစ်ကိုကျူး ရဲ့ လတ်တလေး အခြေနေကို. interview. ရင်ရော.. "
" အေးဟုတ်တယ်နော် ရိဖန်..ဦးကို.. အဲ.. မန်နေဂျာကြီးကို ပြောကြည့်ရမယ်. သတင်းတစ်ခုရတာပေါ့.."
" အစ်ကို ကျူးအဆင်ပြေလား မသိဘူး " .
" ရပါတယ် သိပ်ရတာပေါ့.. "
" ဒါနဲ့ နေ့လည်စာ စားရင်းပြောကြမလား " .
" ကောင်းတယ်. ဟိုတစ်ခါ ပန်းအိုးကို ပြန်ဝယ်ပေးရအုံးမှာပဲ အဲ့နေက တွေ့သွားသေးလား "
" ဪ မယူတော့ပါဘူး... အဲ့အတွက်နောက်မှ. "
"မဟုတ်တာ..နေ့လည်စာ ကျွန်တော်ကျွေးပါရစေ "
" ကောင်းပြီလေ.. အဲ့ဒါဆို.. ဟို.. "
ကျူးကျီရှန့်ချင်ဖေကို မလိုက်စေချင်ပါ.. ရိဖန်ကို အကြံနဲ့ခေါ်ထုတ်ချင်လို့ပါ.. ရိဖန်ဆီရောက်လာတာလည်း.. တမင်စုံစမ်းပြီးလိုက်လာတာပါ.. အန်းထျန်းလော့ကို.. မနိုင်လို့..အန်းထျန်းလော့.ရဲ့ပျော့ကွက်က ရိဖန်ပဲလေ..မန်နေဂျာကြီး.. ချင်ဖေကို..လှမ်းခေါ်လိုက်သည်..
" ချင်ဖေ..နေ့လည်စာ တူတူစားရအောင်.."
YOU ARE READING
ရူးသွပ်စေနိုင်သောအချစ်(HOT LOVE)♥completed🔞
Romance(unicode/zawgyi) မာနကြီးသလောက်အရမ်းချစ်တတ်သော'ကိိုကို'နှင့်ဆယ်နှစ်လောက်ငယ်သော'ကိုကို'ဘာပြောပြော"အင်း" ''ဆိုပြီးသဝန်တိုတတ်တဲ့...'ကေလး. '. 🔞🔞🔞 🖤🖤🖤🖤🖤🌸🖤🖤🖤🖤🖤 မာနကြီးသလောက်အရမ်းချစ်တတ်သော'ကိုကို'နှင့်ဆယ်နှစ်လောက်ငယ်သော'ကိုကို'ဘာပြောပြော"အင်...