Extra-1

14.8K 1.1K 77
                                    

Unicode

မင်္ဂလာပွဲကို အဆင့်မြင့်ဟိုတယ်မှာ
ခမ်းခမ်းနားနားကျင်းပခြင်းမျိုးလည်းမဟုတ်။

"မောင်..ငါတော့ ကုန်ကျငွေတွေကို လိုအပ်တဲ့
နေရာတွေမှာပဲ ခွဲပြီးလှူချင်တယ်"

ကိုကို့ရဲ့ဆန္ဒအတိုင်း သော်ယံမောင်က
ဖြည့်စည်းပေးရှာသည်။လက်ထပ်ခွင့်တောင်း
ပြီး နောက်တစ်ပတ်ကြာတော့ သူတို့ရဲ့မင်္ဂလာပွဲ
လို့ပြောလို့ရမဲ့ အလှူမှာ လူတွေအားလုံးဟာ
သိုက်သိုက်မြိုက်မြိုက်။

"ဆန်အိတ်တွေနဲ့ပစ္စည်းတွေသယ်ဖို့ လူလို
သေးလား"

​မောင့်အဖေက ဘုန်းကြီးကျောင်းဝန်းထဲရှိ
သစ်ပင်အောက်မှာ ရပ်ကြည့်ကာပြောလာသည်။

"ရပြီ ဦး..မလိုတော့ဘူး"

ဆန်အိတ်ကိုထမ်းရင်း ကိုကိုက ပြန်ပြော
တော့ ဘယ်ကနေမှန်းမသိ အနားကို
လှစ်ခနဲရောက်လာတာက သော်ယံမောင်။

"ဟာ ကိုကို..ကိုကို မသယ်နဲ့မောင်တို့ပဲသယ်ပါ
မယ်ဆိုကွာ"

"ကိုကိုသယ်နိုင်ပါတယ်ကွ။
မောင်လည်းသယ်ပြီး လိုက်လာခဲ့"

ဒီလိုနဲ့ လှူမဲ့ပစ္စည်းတွေသယ်လို့အပြီး
ကျောင်းထိုင် ဘုန်းဘုန်းဆီ သွားကာကန်တော့
ရင်း နေ့ဆွမ်းလည်းကပ်ဖြစ်ကြသည်။

"ဘုန်းဘုန်းဘုရား.."

ခေတ်ခေတ်မှ မရဲတရဲလေးခေါ်၍ကျောင်း
ပေါ်သို့တက်လာပြီး ဘုန်းဘုန်းကို ကန်တော့
သည်။ထို့နောက် လက်အုပ်ချီကာ ဘုန်းဘုန်း
ကိုရယ်ပြနေပြန်တော့ ဘုန်းဘုန်းမှာလည်း
ယောင်ယမ်းပြီးပြန်ရယ်ပြမိသည်။
ဒေါ်လေးနွယ်ကတော့ သူ့သားမျက်နှာကြည့်
ပြီး မွှေတော့မှာကိုလည်း သိသည်။

"ဒကာလေးက ဘာပြောမလို့တုန်း"

"ဒီလိုပါ ဘုရား။ခေတ်..အဲ တပည့်တော်
ကလေ ဘုန်းဘုန်းဆီမှာ ခွင့်လာတောင်းတာ
ပါဘုရား"

"ဟေ ဘာခွင့်တုန်း"

"ဟိုဟာလေ ဘုရား"

"ဘယ်ဟာတုန်းကွဲ့"

"ဟိုဟာပါ ဘုရား..ဟိုဟာလေ အဲ့အသီး
နာမည်မေ့နေလို့ဘုရား"

​ဒေါ်ကေသီဟန်တို့အားလုံး ခေတ်ခေတ်ပုံစံ
ကိုကြည့်ကာ ရယ်ချင်သော်လည်း ဘုန်းကြီး
အရှေ့မို့ အန်ကြိတ်ကာအောင့်ထားရှာသည်။
ဒီကလေးက တစ်ခါတလေ ပျာပျာယာယာ
လေးရှိပေမဲ့ ဒါကလည်း ချစ်ဖို့ကောင်းတော့
သူတို့လည်း မတတ်နိုင်။အရေးထဲ စားချင်တဲ့
အသီးနာမည်ကိုမေ့နေတော့ ခေါင်းကုတ်
စဉ်းစားရတာလည်း အလုပ်တလုပ်။
မအီမသာမျက်နှာလေးနဲ့ အသီးနာမည်ကို
ပြန်မှတ်မိမှ မျက်နှာဟာပြုံးရွှင်ရွှင်လေးရယ်။

ချစ်ရပါသောမောင် (ချစ်ရပါသောမောင် ){Completed}Where stories live. Discover now