Part-6

35.9K 3.5K 297
                                    

(Zawgyi)🍀🍀🍀🍀

Part-4
(ကိုယ်​..ချစ်​​သော clover...!!..)

အချိန်​တစ်​ခုယူကာ ​ဆွေး​နွေးမှု အပြီး...
လူကြီးလူ​ကောင်းပုံ ရှိ​သော အမျိုးသားကြီး
နှစ်​ဦးသည်​ ​နေရာမှ ထရပ်​ကာ လက်​ဆွဲနှုတ်​ဆက်
လိုက်​ကြသည်​...။

သာမန်​သူများ အမြင်​တွင်​ ရိုးရှင်းလွန်း​သော
ထို လက်​ဆွဲနှုတ်​ဆက်​မှု ​လေးသည်​...။
ဦးထက်​​နောင် တို့ စီးပွား​ရေး ​လောကတွင်​မူ..
ထင်​သ​လောက်​ မရိုးရှင်း..။

အကျိုးအမြတ်​မှ အစချီကာ ​လေးနက်​​သော
ကတိစကားများအထိ ပါဝင်​ကာ အ​ကြောင်းအရာ
များစွာကို ကိုယ်​စားပြုသည်​...။

"ရင်းနှီးမြုပ်​နှံမှု အတွက်​ ​ကျေးဇူးတင်​ပါတယ်​...
မစ္စတာ ချန်း..။ ဒီပူး​ပေါင်းမှုက အလဟသ မဖြစ်
စေရပါဘူး..."

ဦးထက်​​နောင် ၏ စကားကို ရှမ်းတရုတ်​ ကပြား
ဖြစ်​​သော မစ္စတာ ချန်း သည်​ အပြုံးတစ်​ခုဖြင့်​...
ခေါင်းဆတ်​ကာ တုန့်​ပြန်​လာသည်​...။

လုပ်​ငန်းရှင်​တိုင်း မစ္စတာချန်း၏ ရင်းနှီးမြုပ်​နှံမှုကို
လိုချင်​​နေကြချိန်​တွင်​ မစ္စတာချန်း သည်​ မိမိတို့...
G company ကို ​ရွေးချယ်​သည်​က
ကံ​ကောင်းမှု ပင်​...။

ဦးထက်​​နောင်​နှင့်​ နိုင်​ငံခြားမှ ရင်းနှီးမြုပ်​နှံသူ
မစ္စတာချန်း တို့ ​ဆွေး​နွေးမှု အဆုံးသတ်​ကာ..
စာချုပ်​ချုပ်​ဆိုပြီးချိန်​တွင်​ ၂နာရီပင်​ ထိုး​နေပြီ..
ဖြစ်​သည်​..။

နာမည်​ကြီး စား​သောက်​ဆိုင်​ တစ်​ခု၏....
သီးသန့်​ခန်းထဲတွင်​ အလုပ်​ကိစ္စ ​ဆွေး​နွေး​နေ
ကြခြင်း ဖြစ်​​သော်​လည်း နှစ်​ဖက်​လုံး မှာထား
သော အစားအ​သောက်​ များကို တို့ထိခြင်းပင်
မရှိကြ...။

မစ္စတာ ချန်း တည်းခို​သော Hotel သို့
လိုက်​ပို့ပြီးနာက်​ ဦးထက်​​နောင်​ နီးစပ်​ရာ....
ဈေးဝယ်​စင်​တာ တစ်​ခုသို့ ကားကို ဦးတည်​လိုက်
သည်​...။

မိနစ်​၂၀ခန့်​ အချိန်​ယူပြီး​နောက်​ ​ဈေးဝယ်
စင်​တာ တစ်​ခုသို့ ​ရောက်​သွားသည်​...။

Clover your'e my clover[Completed]Where stories live. Discover now