Arc(2.33)

5.5K 1K 9
                                    

Unicode

Arc(2.33) - Saint Magus

အဲလ်ဗစ်ကစိန့်ဟယ်လာအကယ်ဒမီကိုပြန်ရောက်တာနဲ့စာကြည့်တိုက်ထဲမှာသူ့နေ့စဉ်လုပ်ငန်းဆောင်တာကိုနောက်တစ်ကြိမ်ထပ်စတင်သည်။

အဲလ်ဗစ်ကအကယ်ဒမီရဲ့စာကြည့်တိုက်ဒုတိယအဆင့်မှာမှော်စာလိပ်များအားလုံးဖတ်လို့ပြီးသွားတာနဲ့လီလျိုနဲ့အတူစိန့်ဟယ်လာအကယ်ဒမီမှထွက်သွားရန်စီစဉ်ထားလေသည်။သို့သော်အခြေအနေကိုတစ်ချက်ကြည့်လိုက်တော့စာအုပ်တွေအားလုံးဖတ်ပြီးသွားရင်အဲ့ဒါကစာသင်နှစ်အဆုံးလောက်ရောက်လောက်ပြီလို့ခန့်မှန်းရသည်။

အကယ်ဒမီကိုပြန်ရောက်ပြီးခြောက်ရက်အကြာမှာအဲလ်ဗစ်ကစာကြည့်တိုက်ရဲ့ဒုတိယအလွှာမှာမှော်စာလိပ်ကိုလေ့လာနေရင်းသူ့ခန္တာကိုယ်ကခပ်တိုးတိုးနူးညံ့သည့်အသံတစ်ခုမည်လာတာကိုရုတ်တရက်ခံစားလိုက်ရပြီးအသစ်မွေးဖွားလာသလိုမျိုးဆက်တိုက်ခံစားလာရသည်။

အဲလ်ဗစ်ရဲ့မျက်လုံးများကတစ်ဖြတ်ဖြတ်လက်လာကာလက်ထဲကစာလိပ်ကိုစာအုပ်စင်ပေါ်တည်ငြိမ်စွာပြန်တင်လိုက်ပြီးစာကြည့်တိုက်မှအလျင်အမြန်ထွက်၍လီလျိုအားကိုင်ထားရင်းဖြင့်ပင်သူ့အခန်းသို့ပြန်ပြေးသွားလိုက်သည်။

ယှဉ်ပြိုင်ပွဲမှာကတည်းကအဲလ်ဗစ်သည်သူ့ကိုယ်ကကြယ်ခြောက်ပွင့်ကြီးမြတ်သောမေးဂတ်စ်အဆင့်ကိုချိုးဖြတ်နိုင်ဖို့သိပ်မလိုတော့ဘူးလို့ခံစားခဲ့ရတာဖြစ်သည်။သို့သော်အဲ့ဒါကအရမ်းမြန်နေမယ်လို့တော့မမျှော်လင့်ခဲ့မိပေ။

အဲလ်ဗစ်ကအခန်းထဲပြန်ရောက်တာနဲ့တင်ပလ္လင်ခွေထိုင်လိုက်ပြီးသူ့ခန္တာကိုယ်ထဲကမှော်စွမ်းအင်များကရှေ့သို့ရူးသွပ်စွာထွက်ပေါ်လာသည်ကိုခံစားရသည်။သူ့မျက်ခုံးကအနည်းငယ်တွန့်ချိုးသွားပြီးသူ့ပါးစပ်ကပွင့်ဟလာကာခေါ်လိုက်သည်။ "လဒ်ဝတ်"

အဲလ်ဗစ်ကသူ့နာမည်ကိုသာခေါ်လိုက်တာဖြစ်ပေမဲ့လီလျိုကချက်ချင်းသူဘာကိုဆိုလိုတာလဲဆိုတာနားလည်လိုက်သည်။သူကအဲလ်ဗစ်ဘေးကိုပေါ့ပါးစွာခုန်သွားလိုက်ကာသူ့ပယင်းရောင်မျက်လုံးများကမှေးမှိန်သည့်ရွှေရောင်အလင်းတစ်လွှာကိုထုတ်လွှင့်လိုက်ပြီးအဲလ်ဗစ်ရဲ့တစ်ကိုယ်လုံးကိုတစ်မီတာလောက်အချင်းရှိသည့်အကြည်ရောင်အကာအကွယ်အခင်းအကျင်းတစ်ခုခင်းလိုက်သောကြောင့်လေထဲသို့ထွက်ပေါ်မတတ်ဖြစ်နေသည့်မှော်စွမ်းအင်များအားလုံးချက်ချင်းပျောက်ကွယ်သွားသည်။

(Completed )The Transmigration Routine of Always Being Captured by MLWhere stories live. Discover now