Extra-2

13.2K 1.1K 78
                                    

Unicode

တိတ်ဆိတ်ခြင်းတို့မှာ အခန်းထဲ၌သာမာန်ထက်
ပိုကဲနေသည်။ပြတင်းပေါက်ဆီမှမြင်နေရသော
လမှာ သည်ကနေ့မှပို၍ထွန်းလင်းနေပါသလား။
တိမ်သားတို့ ကင်းစင်နေပါသလား။
​တိုးဝှေ့တိုက်ခတ်လာသည့် လေထုတို့က
ယခုအချိန်မှမူ ပို၍အေးစိမ့်နေပြန်​၏။
တငြိမ့်ငြိမ့်ခုန်လှုပ်နေသော နှလုံးသားသည်ကား အခုန်မြန်နေချေသည်။တလှပ်လှပ်နှင့်စိတ်အစုံ
တို့က လှုပ်လှုပ်ရှားရှားဖြစ်လာသည်။

တစ်ပြိုင်နက် ရေးချိုးခန်းဆီမှကြားနေရသော
ရေသံတို့က ရပ်တန့်သွားချေပြီ။ထို့နောက်
တံခါးဖွင့်သံကိုကြားရသည်ကြောင့် မောင်ထွက်
လာပြီဆိုသည့်အသိစိတ်တို့ဖြင့် လူမှာမည်သို့၊
မည်ပုံ နေရမည်မှန်းလည်းမသိတော့ပါ။

"ကိုကို..မောင်ရေချိုးပြီးပြီ"

တိတ်ဆိတ်ခြင်းကို မောင်ကိုယ်တိုင်ပယ်ဖျက်
လာသည်။နောက်ကျောဆီမှလည်း အေးခနဲ
ပင်ခံစားမိသည်။ခါးကိုယှက်ကာ ဖက်လာသည့်
မောင့်လက်တို့က ရေးချိုးထားတာမို့ အေးစက်
စက်ဖြစ်နေသည်။ရေစက်တွေမခြောက်သေး
သည့် မောင့်ရင်အုပ်နှင့် ကျောပြင်ကထိတွေ့
တော့ လူမှာအယောင်ယောင်၊အမှားမှား
တံတွေးလည်းမျိုချမိလိုက်ပြန်သည်။ရေချိုး
ဆပ်ပြာအနံ့သင်းသင်းတို့က မွှေးပျံ့လာသည်။
ထို့နောက် လည်တိုင်မှာ အေးခနဲဖြစ်လာပြန်
သည်။လန့်ကာ တုန်တက် သွားမိတော့ မောင့်
ဆီမှရယ်သံဖျဖျတို့က ဝေ့ဝဲထွက်ပေါ်လာသည်။

"ကိုကို စိတ်လှုပ်ရှားနေတာလား။
မောင့်ကိုကြည့်ဦး"

မောင်က ခန္ဓာကိုယ်ကိုလှည့်ကာ မျက်နှာချင်း
ဆိုင်စေသည်။အပေါ်ပိုင်းမြင်နေရသည့်
ကျစ်လျစ်လှသော မောင့်ခန္ဓာကိုယ်ကြောင့် မျက်လုံးတို့အား လွှဲလိုက်ကာဖြေမိပြန်သည်က"အင်း"ဟုသာပင်။

"ဒီညဘာညလဲ"

နားအနားသို့ကပ်ကာ မောင်ကညို့ငင်မှုတို့
စတင်လာသည်။ရုတ်တရက် ပွေ့ချီလာသည်
ကြောင့် မောင့်လည်တိုင်အား ဖက်တွယ်ထားမိ
လိုက်သည်။အိပ်ရာပေါ်သို့ ချပေးရင်းမောင်က
ရင်ခွင်ထဲသို့တိုးဝင်လာသည်မှာ ကလေးလေး
တစ်ယောက်နှင့်ပင်တူသည်။လက်တစ်ဖက်မှ
ခါးဆီသို့ဖက်ကာ၊ကျန်တစ်ဖက်မှရင်ဘတ်သို့
ဖိကပ်ထားသည်။

ချစ်ရပါသောမောင် (ချစ်ရပါသောမောင် ){Completed}Where stories live. Discover now