Arc (2.34)

6K 1K 6
                                    

Unicode

Arc(2.34) - Saint Magus

အနားမှာရပ်နေတဲ့အကြီးအကဲကြီးကမြင်သောအခါနောက်ပြန်ဆုတ်လာသည့်မျိုးနွယ်စုခေါင်းဆောင်ရဲ့ရှေ့သို့ချက်ချင်းထွက်ရပ်လိုက်ကာအဲလ်ဗစ်အားတားဆီးလိုက်သည်။

တစ်နည်းနည်းနဲ့မြူဆိုင်းနေတဲ့ထိုမျက်လုံးများကအဲလ်ဗစ်ကိုစိုက်ကြည့်နေကာအကြီးအကဲကြီးကခဏမျှစဉ်းစားလိုက်ပြီးမှအဲလ်ဗစ်ကိုြပောလိုက်သည်။

"အဲလ်ဗစ်,ဘယ်လိုဘယ်လိုကြောင့်မျိုးနွယ်စုကိုပြန်လာတာလဲ?"

အကြီးအကဲကြီးပြောတဲ့ထိုစကားကအဲလ်ဗစ်ပင်မအိမ်ကိုကျူးကျော်ဝင်ရောက်လာခြင်းအားဆိုလိုတာမဟုတ်ပဲသူကမျိုးနွယ်စုဝင်မို့လို့ရော့စစ်မျိုးနွယ်စုအားပြန်လာသလိုမျိုးပြောခြင်းဖြစ်ကာအကြီးအကဲကြီးပြောတဲ့စကားအရာကအရမ်းကြီးမြင့်နေတာမျိုးမဟုတ်ပေ။

အကြီးအကဲကြီးရဲ့စကားကိုကြားသောအခါအဲလ်ဗစ်ရဲ့အမူအယာကချက်ချင်းအေးစက်သွားရင်းသူ့အကြည့်ကရှေ့ကအကြီးအကဲကြီးကိုခြုံကြည့်လိုက်သည်။လီလျိုသည်လည်းအဲလ်ဗစ်ရဲ့ပုခုံးပေါ်ကနေထိုရန်သူများကိုမုန်းတီးစွာကြည့်မိကာသူ့ရဲ့ပယင်းရောင်မျက်လုံးထဲတွင်ရွှေရောင်ဖျော့ဖျော့အလင်းတစ်ခုရှိနေသည်။သူ့အမြီးကထောင်ထနေပြီးသူ့သွားကိုစိ၍အကြီးအကဲကြီးနှင့်ခေါင်းဆောင်တို့အားတိုက်ခိုက်ဟန်အမူအယာပြနေသည်။

"ခင်ဗျားတို့ကျုပ်အဘွားဘယ်လိုဆုံးပါးသွားသလဲဆိုတာဟိုးတုန်းကတည်းကမေ့သွားလောက်ပြီဆိုပေမယ့်ကျုပ်ကတော့ဘယ်တုန်းကမှသူမဘယ်လိုသေဆုံးသွားခဲ့ရသလဲဆိုတာမမေ့ဘူး"

အဲလ်ဗစ်ကရှေ့ကိုထပ်မတိုးတော့ပဲနေရာမှာသာရပ်၍သူ့နှုတ်ခမ်းထောင့်စွန်းနှစ်ဖက်ကသရော်သည့်ပုံစံကွေးညွတ်သွားသည်။ထို့နောက်သူကအကြီးအကဲကြီးနဲ့ခေါင်းဆောင်တို့အားဟိုးကတုန်းကတည်းကအခုချိန်ထိပြောခဲ့သမျှစကားအားလုံးမှာအရှည်ဆုံးစကားကိုပြောလေသည်။

"အရင်တစ်ခေါက်ကကျုပ်ပြောခဲ့တဲ့စကားကိုခင်ဗျားမမှတ်မိဘူးထင်တယ်ကျုပ်ကရော့စစ်မျိုးနွယ်စုကမဟုတ်တော့ဘူးပြီးတော့ကျုပ်အချိန်တွေကိုလည်းဒီလိုဘာမှအကျိုးအမြတ်မရှိတဲ့ကိစ္စမျိုးမှာရှင်းပြရင်းမဖြုန်းတီးချင်ဘူး"

(Completed )The Transmigration Routine of Always Being Captured by MLWhere stories live. Discover now