Part 31 ( နောက်တကြိမ် ထပ်ပြီးတော့...)

2.4K 398 25
                                    

အပိုင်း ၃၁ ( နောက်တကြိမ် ထပ်ပြီးတော့...)

"ဘယ်လိုကနေ ဘယ်လိုဖြစ်ရတာတုန်း။ ရုတ်တရက်ဆုံးသွားတယ်ဆိုတာ.....ဆိုတာကြီးက မဖြစ်နိုင်တာချည်းလေ။"

ကျီချန်းက နန်းတော်ထဲသို့ အလျင်စလို ခြေလှမ်းကျဲကြီးများဖြင့်လျှောက်ကာလာရင်း သူ့ဘေးရှိလူအားမေးနေသည်။ ထိုလူကလည်း ကျီချန်းအား သူသိသလောက်ပြန်လည်းတင်ပြနေလေ၏။

" ကျွန်တော်မျိုးလည်း သေချာမသိပေမဲ့ အခုအချိန်ထိတော့ ရှင်ဘုရင်ချီရှန်းက သမားတော်တွေအကုန်လုံးနဲ့ စစ်ဆေးမှုတွေပြုလုပ်နေပါတယ်။ အရင်တခေါက်ကလည်း ဒီလိုဖြစ်စဥ်မျိုးရှိဖူးတယ်လို့​ပြောနေလို့ အားလုံးကတော့ အံ့သြနေကြတယ်။ ဒါပေမဲ့ ခက်တာက..."

"ခက်တာက...ဘာဖြစ်လဲ။"

ကျီချန်းက သူ၏ခြေလှမ်းများကိုရပ်တန့်လိုက်ရင်းမေးသည်။ ထိုလူကလည်း ရပ်တန့်လိုက်ကာ ကိုယ်ကိုကိုင်းညွတ်ရင်း ဆက်ပြောလာ၏။

" ခက်တာက အခုပဲနေမွန်းတည့်နေပြီ။ မနေ့ကညကတည်းက အသက်မရှုတော့တာဆိုတော့ "

" ထားလိုက်တော့...ငါ ဘုရင်ချီရှန်းနဲ့ပဲတွေ့လိုက်မယ်။"

ဒီကိစ္စက လူတိုင်းထင်သလိုကြီး ရိုးရှင်းမနေနိုင်ဘူး။ ဘာပဲဖြစ်ဖြစ် အန်းလုရဲ့ လျို့၀ှက်ချက်ကို သူတို့ပဲသိတာမို့ သူချီရှန်းဆီကို သွားလိုက်တာကမှ တကယ်အဖြေမှန်တစ်ခုကို ရနိုင်ပေလိမ့်မည်။

" မှန်လှပါ။"

...........................

" ဘုရင်ချီရှန်း...ဘယ်လိုဖြစ်တာလဲ။"

ကျီချန်း အလောတကြီး အဆောင်ထဲကိုဝင်လာတော့ အတွင်းဘက်ရှိ စားပွဲနား ခုံပေါ်တွင် ချီရှန်းက သူ၏လက်ကိုထောက်လျက် မျက်ဝန်းများကိုပိတ်လှောင်ကာထားရင်း လက်ကသူ၏ ဦးခေါင်းကို ဖိထားသည်။ ပြီးတော့ မည်သည့်စကားမျှမဆို၊ မည်သည့်လှုပ်ရှားမှုမျိုးမှမရှိ။ ဘေးတွင် မတ်တပ်ရပ်နေသူက ရှောင်ရှင်းပင်။ ကျီချန်းက သူ၏ပုံစံကိုကြည့်ရင်း

" မင်း....အဆင်ပြေရဲ့လား။"

အန်းလု တခါလဲကျသွားခဲ့တုန်းက ချီရှန်းဆောက်တည်ရာမရဖြစ်နေခဲ့ပုံကို သူမြင်တွေ့ဖူးသည်။ အခုတော့ အရမ်းငြိမ်သက်လွန်းနေသည်မှာ ပိုလို့ပင်ကြောက်စဖွယ်ကောင်းနေပါ၏။

LOVE, BUT HURT (Season 3)_ The Last Begin_[Completed] Where stories live. Discover now