Arc(2.35)

5.7K 1K 1
                                    

Unicode

Arc(2.35) - Saint Magus

လီလျိုနဲ့အဲလ်ဗစ်တို့နှစ်ယောက်သားဂူအတွင်းမှာထိုင်နေကြပြီးသူတို့နှစ်ယောက်အလယ်မှာမီးပုံတစ်ခုရှိနေသည်။မီးမှလာသည့်အလင်းကတောက်ပနေတာကြောင့်ယောကျားနှစ်ယောက်ရဲ့မျက်နှာအားလိမ္မော်ရောင်ဖျော့ဖျော့လင်းနေစေသည်။

မနေ့ကမနက်ကရုတ်တရက်မိုးသည်းထန်စွာရွာသွန်းသောကြောင့်နှစ်ယောက်သားမှော်သားရဲနဲ့ရင်ဆိုင်မယ့်အကြံကိုစွန့်လွှတ်လိုက်ပြီးနေစရာနေရာကိုအမြန်ဆုံးနှုန်းနဲ့ရှာဖွေကြကာတစ်နာရီလောက်ကြာပြီးမှသာသင့်တော်တဲ့ဂုတစ်ဂူရှာတွေ့ကြသည်။

ဂူထဲမှာတစ်ညအိပ်စက်ပြီးနောက်အပြင်မှမိုးသံအားနားထောင်သောအခါရပ်မယ့်လက္ခဏာလုံးဝမရှိပေ။လီလျိုနဲ့အဲလ်ဗစ်တို့မှာဂူထဲမှာပဲဆက်နေနေရင်းသူတို့မနက်စာကိုမီးနဲ့ကင်၍စားလိုက်ကြသည်။

တစ်နေ့နဲ့တစ်ညကုန်ဆုံးသွားတာတောင်မိုးသည်းထန်စွာရွာသွန်းခြင်းကမရပ်တန့်လာပဲမိုးကအတော်လေးကြာရှည်နေသည်။

နောက်တစ်နေ့နေ့လည်ခင်းလောက်မှသာအပြင်ဘက်ကမိုးကဖြေးညှင်းစွာတိတ်လာသည်ကိုလီလျိုကြားလာရသည်။

"အဲလ်ဗစ်ကြည့်ရတာမိုးတိတ်သွားပြီထင်တယ်"

လီလျိုရဲ့မျက်လုံးများကတောက်ပသွားပြီးချက်ချင်းမတ်တပ်ရပ်ကာပြောလိုက်သည်။

"ငါဂူဝင်ပေါက်ကိုတစ်ချက်သွားကြည့်လိုက်ဦးမယ်"

ပြီးတာနဲ့လီလျိုကသိပ်မဝေးတဲ့ဂူဝင်ပေါက်ကိုလျှောက်သွားလိုက်သည်။သူဝင်ပေါက်ကိုရောက်သောအခါသူ့လက်နဲ့ဂူဝင်ပေါက်မှာတွဲလောင်းကျနေတဲ့နွယ်ပင်များအားဖယ်ရှားလိုက်ရင်းသူ့မျက်လုံးများကိုမြှင့်၍ပတ်ပတ်လည်အားကြည့်လိုက်လေသည်။သေချာပေါက်ပင်မူလကသည်းကြီးမည်းကြီးဖြစ်နေတဲ့မိုးရေများကအခုတော့တစ်ဖြည်းဖြည်းချင်းဆီလျော့နည်းလာနေသည်။အဝေးတစ်နေရာမှကောင်းကင်သည်လည်းတောက်ပတဲ့ရောင်ခြည်တစ်ချို့ရှိလာပြီးချက်ချင်းနီးပါးလောက်ပင်ကောင်းကင်ပေါ်မှာနေကဖြည်းညှင်းစွာပေါ်လာရင်းကောင်းကင်တစ်ခုလုံးအားတောက်ပလာစေသည်။ထို့နောက်ထိုနေရာမှာရောင်စဉ်ခုနှစ်သွယ်ခြယ်တဲ့သက်တန့်ကွေးကွေးလေးတစ်ခုပေါ်လာတော့၏

(Completed )The Transmigration Routine of Always Being Captured by MLWhere stories live. Discover now