"ဒေါက်!..ဒေါက်!.."
"သူရဖုန်းမြင့်...မထသေးဘူးလား...
မင်းပြောတော့ မေမေတို့နဲ့လိုက်မလို့ဆို...""၅မိနစ်လောက် ထပ်အိပ်ဦးမယ်.."
"မရဘူး...အခုထတော့...
မထရင် မေမေတို့မစောင့်တော့ဘူး...""ထပြီ...ထပြီ...
ရေချိုးပြီး ဆင်းလာခဲ့မယ်...""မြန်မြန်လာနော်...မဟုတ်ရင် သွားပြီ.."
"ဟုတ်...ဝါး....."
မထလို့လည်းမရတော့ဘူး...မေမေက နောက်ကျရင်မစောင့်ဘူးဆိုတဲ့စကားကြောင့် မထချင်ပဲထရတော့မယ်..။
ဒီနေ့ မေမေတို့က အန်တီသူဇာတို့အိမ်ကို..ထမင်းစားသွားမလို့တဲ့...
ထမင်းစားတာများ ကိုယ့်အိမ်မှာစားလည်းရတာကို..သူများအိမ်မှာများ တကူးတကသွားစားရတယ်လို့...ဟွန်း....ကျွန်တော်က လိုက်ချင်လွန်းလို့မဟုတ်ပေါင်...
မေမေတို့က သူများအိမ်သွားမှာဆိုတော့..အိမ်မှာ ဘာမှချက်မှာမဟုတ်တာကြောင့် ကျွန်တော်ပဲငတ်မှာ...
သူများအိမ်မှာသွားစားမှာဆိုတော့..ကောင်းကောင်းမွန်မွန်ချက်ကျွေးမှာပဲ..ဒီအခွင့်အရေးကိုလက်လွှတ်ခံစရာလား...နောက်တစ်ခုအနေနဲ့..ဟိုလူကြီးရဲ့အိမ်က ဘယ်လောက်ကြီးလည်းဆိုတာ သိချင်တာလည်းပါတယ်..။ မငယ်လည်းပါမှာဆိုတော့..ကျွန်တော်မလိုက်လို့မရတော့ဘူး..။ မကြီးကတော့ အိမ်စောင့်ပေါ့..။ ဘာပဲဖြစ်ဖြစ်...အဓိကကတော့ ဟိုလူကြီးနဲ့မငယ် မနီးစပ်ဖို့ပဲ..။
ရေမိုးချိုးပြီးတော့..မကြီးသွေးပြီးထည့်ပေးထားတဲ့ ဘူးထဲက သနပ်ခါးကိုယူလိုက်ကာလိမ်းလိုက်ပြီး...အဝတ်အစားလဲကာ အောက်ကိုဆင်းလာခဲ့လိုက်တယ်..။
အိမ်အောက်ရောက်တော့....
"မင်းဒီပုံစံနဲ့ သူများအိမ်လိုက်မလို့လား..."
"ဟုတ်တယ်လေ...ဘာဖြစ်လို့လဲ မေမေရဲ့...
သားအရမ်းချောနေလို့လား...""ဟဲ့...မင်းဝတ်စားထားကိုမင်းပြန်ကြည့်ဦး...
သူများအိမ်သွားမယ်ဟာကို ရှပ်အင်္ကျီနဲ့ဘောင်းဘီတိုဝတ်စရာလား...""ဘာဖြစ်လို့လဲ?...ပူကပူနဲ့..
လွတ်လွတ်လပ်လပ်ပေါ့ပေါ့ပါးပါးပုံစံဝတ်လာတာလေ...
ပူတဲ့အချိန်ဆို ဒီလိုstyleမျိုးဝတ်ရတယ်လေ မေမေရဲ့...
အေးလေ..မေမေက လူကြီးဆိုတော့ fashionအမြင်ဘယ်ရှိပါ့မလဲ?..."
YOU ARE READING
ဦးရဲ့သည်းငယ်လေး (Completed)
Romanceသည်းငယ်လေး မင်းကြိုက်သလောက်ဆိုးစမ်းပါ မင်းဆိုးနေတာလေးကို ဦးကချစ်တာမို့လို့