မနက်ခင်းအစော TV ရှေ့ထိုင်နေတဲ့မဟာသည် လက်ထဲတွင်လည်း laptopတစ်လုံးနှင့်အလုပ်များနေလေရဲ့ ၊ မို့ဖောင်းဖောင်းလေးဖြစ်နေတဲ့ဗိုက်လေးကြောင့် အရင်လိုသူ့စိတ်ကြိုက်ထိုင်မရတာကြာပြီ ။
"ကျစ်"*2
အလိုမကျဟန်ဖြင့် ငြီးငြူသံလေး နှစ်သံကြောင့် အခန်းထဲမှထွက်လာသော ဒေါ်သန္တာခိုင်ဟိုကြည်ဒီကြည့်ဖြစ်သွားရသည် ။ TVရှေ့မှ နေချင်သလိုမရလို့ ငြီးလိုက်တဲ့ မဟာရယ် ၊ ထိုဧည့်ခန်းပေါက်မှာရပ်ကြည့်နေပြီး စိုးရိမ်နေတဲ့ သားဖြစ်သူ တုနှိုင်းမောင်ရယ် ။
သူမ သားဖြစ်သူပခုံးလေးကိုပုတ်လျက် မဟာဆီဖြေးဖြေးလေး သွားလိုက်သည် ။ သူမသည်လည်းလမ်းအနည်းငယ်လျောက်လို့ရနေပြီလေ ။
"သားလေး"
သူမခေါ်လိုက်တော့ မဟာပြန်မထူးပေမယ့် မော့ကြည့်လာသည် ။ အနားရှိခေါင်းအုံးသေးသေးလေးတွေကို ဆိုဖာမှာပြေပြေလေးထောင်ပေးလိုက်ပြီး
"လာဒီဘက်မှီ"
သူမပြောသလိုပဲ မှီလာတဲ့ကောင်လေးသည် ၊ သူမပြောတာကို အများအားဖြင့်တော့ နားထောင်တတ်သည် ။
"ဟိုဘက်ခြေဆင်းလိုက် အဒေါ် TVကို သားဘက်လှည့်ပေးမယ်"
ခြေထောင်တင်ဖို့ပါ ခေါင်းအုံးလေးချပေးလျက် ၊ TVကိုသူ့ဘက်လှည့်ပေးလိုက်တော့ ပါးစပ်ကဘာမှမပြောပေမယ့် ခေါင်းလေးငုံ့ပြသည် ။
ဆေးပညာသတင်းတစ်ခုထင်သည် စိတ်ဝင်တစ်စားနဲ့ကိုနားထောင်နေလိုက် laptopမှာရှာလိုက်မှတ်လိုက်နဲ့ ၊ သူမ မဟာကိုအဆင်ပြေအောင်လုပ်ပေးခဲ့ပြီးမှ သားဖြစ်သူဆီပြန်သွားကာ ပြောရသည် ။
"လာ မာမီလုပ်ပေးခဲ့ပြီ သားအလုပ်သွားရမှာမလား"
"မသွားတော့ဘူး မာမီ လုပ်စရာအိမ်ယူထားတယ်"
"အေးပါ"
တုနှိုင်းမောင် TVကြည့်နေသော မဟာ့ကိုအဆင်ပြေမပြေလှမ်းကြည့်ပြီးမှ အပေါ်ထပ်အလုပ်ခန်းထဲတက် သွားသည် ။ ကိုယ်ဝန်ရင့်လာတာနဲ့ မဟာအဆင်မပြေပိုဖြစ်နေတာကြောင့် သူလုံးဝအလုပ်မသွားတော့ ၊ meetingတ်စရာဆိုလျှင်တောင် video callနဲ့ပဲတက်သည် ။
YOU ARE READING
Inversely Proportional(ပြောင်းပြန်အချိုးကျခဲ့သော)-Complete
Romanceယုံကြည်မှုကလည်းအချစ် နားလည်မှုကလည်းအချစ် ပေးဆပ်မှုကလည်းအချစ် ခွင့်လွတ်မှုကလည်းအချစ် ဟု ဆိုခဲ့သော် ပြောင်းပြန်အချိုးကျခဲ့တဲ့ချစ်ခြင်းတစ်ခုရဲ့ အဆုံးသတ်က ဘယ်လိုဖြစ်မလဲ? . . . . . ယုံကြည်မှုကလည်းအချစ် နားလည်မှုကလည်းအချစ် ပေးဆပ်မှုကလည်းအချစ် ခွင့်လွတ်မှုကလည်...
