Part 34(unicode)

6.9K 1.3K 76
                                    

Chapter 34;

သူ့အရင်ကျောင်းမှာလည်းကျောင်းဖိုရမ်ရှိပေမယ့်၊ယခုလိုမျိုးမဟုတ်ပေ။မြို့ကျောင်းတိုင်းမှာရှိသည့် အထက်တန်းပြဆရာ၊ဆရာမများ
သည် ကျောင်းသားကျောင်းသူများ ကျောင်းဂိတ်ပေါက်သို့ဝင်ဝင်ချင်း ကျောင်းသား တစ်ယောက်ချင်းစီတွင် ဖုန်းပါ, မပါမှန်း စိတ်ခန့်မှန်းချက်ဖြင့်ပင် စမ်းသပ်ရှာဖွေနိုင်ကြသည်။
ထိုကဲ့သို့ ဖုန်းများသိမ်းယူလိုက်ခြင်းကလည်း ကျောင်းသားတွေအပေါ်မှာတိုက်ရိုက်အကျိုးရောက်သက်ရောက်မှုရှိလာသည်။အတန်းမှာဘယ်သူမှဖုန်းသုံးခွင့်မရချေ။ အလွန်ဆုံးရှိလှ
သူတို့လုပ်နိုင်သည့်အရာမှာWechatအုပ်စုဖွဲ့ပြီး အတင်းအဖျင်းပြောကြရုံမျှသာ။

ယခုကဲ့သို့ဆွေးနွေးငြင်းခုံနေမှုများဖြင့်ထကြွနေသောကျောင်းဖိုရမ်မျိုးမှာ ကျန်ချန်တစ်ခါမှမကြုံခဲ့ဖူးသည့်အရာဖြစ်လေသည်။

သူတို့ပြိုင်ပွဲနေ့တည်းက ဖူဂျိုရှီတစ်ယောက်ကထိုပို့စ်ကိုတင်ထားခြင်းဖြစ်ပြီးပိုစ့်အောက်ရှိ များပြားလှသော Like&commentsများ
က သူ့ကိုအံ့အားသင့်သွားစေသည်။

အချိန်အတန်ကြာအောင်ကျန်ချန်မှင်သက်နေ ပေမယ့်၊ထိုပို့စ်ကိုအဆုံးထိဖွင့်မကြည့်ခဲ့ပေ။

ငယ်ရွယ်နုပျိုသောမိန်းကလေးများ၏အခြေ
အမြစ်မရှိ စနောက်ကျီစယ်ထားသော စကားများဖြစ်သော်လည်း၊သူနှင့်ဝမ်ကျိုရစ်ကိုယှဥ်တွဲပြီးပြောလျှင်တောင်  သူ တစ်မျိုးတစ်မည် ခံစားရလိမ့်မည်မဟုတ်။သို့သော်လည်း ထိုပို့စ်ကသူနှင့်ကုဖေးကို ပြောနေမှန်း မြင်ရသည့်အခါ သူ မလွယ်ကူမှုကိုခံစားမိလာ၏။

"တာ့ဖေး,ငါ့နတ်ဘုရား"ဆိုသည့် ခေါင်းစီးနှင့် ပို့စ်ကို သူ ဖွင့်ကြည့်လိုက်တယ်။

ထို့ပို့စ်တွင်ရှုထောင့်အမျိုးမျိုးရိုက်ထားသည့် ကုဖေး၏ဓာတ်ပုံအမြောက်အများရှိ၏။တစ်ချို့ပုံတွေဆိုလျှင်မိန်းကလေးသည်ကွင်းတစ်ပတ်,ပတ်ပြေးပြီးရိုက်ထားခြင်းဖြစ်နိုင်သည်။
ကုဖေး၏ဘောလုံး ပစ်နေသည့်ကိုယ်နေဟန်ထားအမျိုးမျိုးကိုအောက်မှပင့်ရိုက်ထားတဲ့ပုံတွေတောင်ရှိသေး၏။ဤဓာတ်ပုံများအတွက် သူမဘယ်လိုမျိုးရိုက်ထားတာလဲဆိုတာတော့ ဘယ်သူသိနိုင်မှာလဲ။

ဆားယယ် [ အရိုင်းဆန်စွာ ပြေးလွှားခြင်း ]Where stories live. Discover now