Arc(2.36)

5.4K 995 4
                                    

Unicode

Arc(2.36) - Saint Magus

"ဒီရှေးဟောင်းမှော်ပစ္စည်းကငါမင်းကိုစမ်းသပ်မယ့်နောက်ဆုံးစမ်းသပ်ချက်ဆိုလည်းဟုတ်တယ်...အဲ့ဒါကဒီတိုက်ကြီးပေါ်မှာတည်ရှိနေတာနှစ်ပေါင်းတစ်သောင်းကျော်နေပြီးစိန့်မေးဂတ်စ်အသစ်ပေါ်ပေါက်လာတဲ့အချိန်မှသာပွင့်တယ်"

ထိုနေရာထိစကားပြောပြီးနောက်ဘရိုင်ယန်ကသူ့မျက်လုံးများကိုမြှင့်ပြီးအဝေးသို့မျှော်ကြည့်လိုက်သည်။သူ့မျက်ဆံများထဲမှာငွေရောင်အလင်းတစ်ချက်ဖြတ်ပြေးသွားပုံရပြီးကြည့်ရတာအတိတ်ကဖြစ်ရပ်တစ်ခုခုကိုပြန်တွေးနေပုံရသည်။

"ဒီတိုက်ကြီးပေါ်မှာစိန့်မေးဂတ်စ်အသစ်မပေါ်ပေါက်ခဲ့တာနှစ်ပေါင်းတစ်သောင်းကျော်နေလို့ငါတို့စိန့်မေးဂတ်စ်တွေရဲ့တည်ရှိမှုကဒဏ္ဍာရီဖြစ်လာပြီးမသိတဲ့သူတောင်ရှိလာပြီ...မင်းမပေါ်လာခင်ထိပေါ့——အဲလ်ဗဟ်၊မင်းကလွန်ခဲ့တဲ့နှစ်ထောင်ပေါင်းများစွာအတွင်းစိန့်မေးဂတ်သွေးကြောကိုနှိုးထနိုင်ခဲ့တဲ့တစ်ယောက်တည်းသောသူပဲမင်းသေချာပေါက်ငါတို့ရဲ့ဘုန်းကျက်သရေကိုထပ်ပြနိုင်မယ်လို့ယုံကြည်တယ်"

အဲလ်ဗစ်ကဘရိုင်ယန်ရဲ့စကားကိုနားထောင်နေစဉ်မှာသူ့မျက်နှာကပုံမှန်အတိုင်းသာတည်ရှိနေပြီးအပိုအမူအယာတစ်စုံတစ်ရာပင်မပေါ်ပေါက်လာပေ။

စိန့်မေးဂတ်စ်တစ်ယောက်ရဲ့ဘုန်းကျက်သရေကိုထပ်မံပြတာတွေဘာတွေကိုအဲလ်ဗစ်ကလုံးဝကိုစိတ်ဝင်စားမှုမရှိဘူးဖြစ်သည်။

သူသန်မာတဲ့သူဖြစ်ချင်တဲ့တစ်ခုတည်းသောရည်ရွယ်ချက်ကသူကာကွယ်လိုတဲ့သူတွေကိုကာကွယ်နိုင်ဖို့သက်သက်ပဲ

အခုသူနဲ့လဒ်ဝတ်ကစိတ်ထဲကတစ်ဆင့်ဆက်သွယ်နိုင်နေပြီဆိုတော့ထိုယုံကြည်ချက်ကပိုပြီးခိုင်မာလာခဲ့သည်။သူတည်ရှိနေသ၍ဘယ်သူမှလဒ်ဝတ်ကိုထိခိုက်အောင်လုပ်ခွင့်ပြုမှာမဟုတ်ဘူး

"အခုမင်းကိုငါဒီနေရာနဲ့ပတ်သတ်တဲ့တစ်ချို့အရာတွေကိုရှင်းပြပေးမယ်...မင်းမြင်တဲ့အတိုင်းပဲဒီဧရိယာတစ်ခုလုံးကမြူတွေနဲ့ဖုံးလွှမ်းနေတယ်...မင်းရပ်နေတဲ့ဗဟိုနေရာကလွဲရင်အရာအားလုံးကိုမီတာ(၂၀)အတွင်းသာမြင်နိုင်ပြီးကျန်တာတွေကမရှင်းမလင်းဖြစ်နေလိမ့်မယ်"

(Completed )The Transmigration Routine of Always Being Captured by MLWhere stories live. Discover now